Sony Media Player review

ပြည်ပရောက် မြန်မာမိသားစုတွေ မြန်မာဗွီဒီယိုတွေ ကြည့်ကြတာ သွားလေရာ သတိထားမိပါတယ်။ ကွန်ပျူတာနဲ့ချိပ်၊ ကြိုးတွေ ရှုပ်ရှပ်ခတ်၊ ကြည့်နေရင်း ဟိုကမလာ။ ဒီကပျက်၊ PC Virus ထိတဲ့အခါ ပြသနာတွေတက် စုံနေတာပါပဲ။

အခုတလော E-Store တွေမှာ ပေါပေါလောလောတွေ့နေတဲ့ Smart TV တွေနဲ့ဆို ပိုအဆင်ပြေကြမယ် ထင်ပါတယ်။ ဒါပေမယ့် WiFi မပါတဲ့ TV တွေရှိနေကြတဲ့ ဥပမာ- ကျွန်တော့်လိုလူအတွက် TV အသစ်တစ်လုံးဝယ်စရာ မလိုပါဘူး။ Apple TV, Roku, Google TV စတဲ့ Internet Media Player လေးတွေ ၀ယ်သုံးလိုက်ရင် အဆင်ပြေပါတယ်။ သူ့ဟာနဲ့သူ အားလုံးကောင်းကြပါတယ်။ အဲဒီထဲကမှ Google TV က internet web page တွေ ကြည့်နိုင်ပြီး မြန်မာ web site တွေ အများစုသုံးတဲ့ Flash video ကို ဖွင့်နိုင်ပါတယ်။ကျွန်တော်တို့ မြန်မာများအတွက် သင့်တော်တယ်လို့ ယူဆရတဲ့ Google TV ကို ဘယ်လောက်အထိ အသုံးတည့်မလဲ သိချင်လို့  စမ်းသပ်ကြည့်ဖြစ်ပါတယ်။  Sony ကတော့ Amazon မှာ US$169 ရှိပါတယ်။ အခြား Brand တွေဆိုရင်တော့ US$100 အောက်မှာ ရနိုင်ပါတယ်။ ကျွန်တော် စမ်းသပ်ထားတဲ့ Sony (NSZ-GS7) GTV ရဲ့ ဗွီဒီယိုကို အောက်ဖက်မှာ ကြည့်နိုင်ပါတယ်။

Picture Gallery

Related posts:

Filed Under: FeaturedI.T & Knowledge

Tags:

RSSComments (1)

Leave a Reply | Trackback URL

  1. Than Naing says:

    စိတ်ဝင်စားစရာကောင်းပါတယ်။ ကျေးဇူးပါ။

Leave a Reply