Welcome! မင်္ဂလာပါ

Blog Post

U.S Immigration အရာရှိများထံမှ အကြံဥာဏ် ရယူလိုလျှင် …

ကျွန်တော်တို့ အားလုံး အမေရိကားကို ရောက်လာပြီး တစ်ချိန်မဟုတ် တစ်ချိန် US Immigration ဌာနနဲ့တော့ ပတ်သက်ရ စမြဲပါ။ ရောက်လာပြီးတဲ့ နောက် Status ရဖို့အတွက် Social ပဲ လျှောက် လျှောက်၊ Green Card အတွက် ပဲ ဖြစ်ဖြစ်၊ Citizenship အတွက်၊ မိဘ ခေါ်တာ၊ နောက်ဆုံး မိန်းမယူတာ ဒါတွေ အားလုံး US Immigration လုပ်ထုံး လုပ်နည်းတွေ အတိုင်း လုပ်၊ စည်းကမ်းချက်တွေနဲ့ ညီရင် အချိန်တန်တဲ့အခါ ရောက်လာ၊ ဒါတွေ ပုံမှန်ပါပဲ။

အခုလို ပြောလိုက်တော့လဲ လွယ် သလိုလို။ တစ်ကယ်တမ်း လုပ်ကျပြီဟေ့ ဆိုတာနဲ့ လျှောက်လွှာ Form စ ဖြည့်တဲ့ အခါ ပြသနာ စ တော့တာပါပဲ။ ဥပမာ- မေးခွန်းတစ်ခုကို ဖြေလိုက်တာ ဟုတ်သလိုလို မဟုတ်သလိုလို၊ အတွေ့အကြုံလဲ မရှိတော့ မှားပြီး အချိန်တွေ ပိုကြာသွားမှာ ပယ်လိုက်တဲ့ထဲ ပါ သွားမှာ စိုးတော့ ရှေ့နေဆီ ပြေးရတော့တာပေါ့။ တစ်ချို့လဲ အတွေ့အကြုံရှိတဲ့ ဆွေမျိုးတွေ၊ သူငယ်ချင်းတွေ မေးပြီး ဘာ တပြား တစ်ချပ်မှ မကုန်ပဲ အဆင်ပြေ သွားကြတာလဲ အများကြီးပါ။ ပြောချင်တာက ရှေ့နေဆီ သွားပြီဆိုတာနဲ့ အိပ်ကပ်ထဲက ငွေထွက်ဖို့က သေချာနေပါပြီ။ တစ်ချို့ကိစ္စတွေ ကျ လိုအပ်ပေမယ့် တစ်ချို့ကိစ္စတွေ ကျ လုံးဝကို မလိုအပ်ပဲ ဟိုမေး ဒီမေး လုပ်ပြီး ပြီးသွားနိုင်ပါတယ်။ ဥပမာ၊ Green Card တင်တာ၊ Citizenship လျှောက်တာ၊ မိဘ ခေါ်တာ၊ မိန်းမယူတာ မျိုးတွေပေါ့၊ Form ယူချင်တာ၊ Guide တွေ ဖတ်ချင်တာ၊ စည်းကမ်းချက်တွေ သိချင်တာ USCIS.GOV web site မှာ အကုန် ရှာ ဖတ်နိုင်ပါတယ်။ အဲလို လုပ်လို့ရတယ်ဆိုတာ တော်တော်များများက တော့ သိပြီးသားပါ။

ဒါပေမယ့် တော်တော်များများ (ကျွန်တော် အပါအ၀င် ဘေးပတ်ဝန်းကျင်က လူတွေ) မသိကြသေးတာ ကတော့ နီးရာ Immigration ရုံးတွေမှာ သိချင်တာ မှန်သမျှ ကိုယ်တိုင်သွားပြီး Officer တွေကို မေးလို့ရတယ်ဆိုတာ ကိုပါ။ English စကား ကောင်းကောင်းပြောတတ်လို့ ဖုံးဆက်ပြီး မေးရင် ရနိုင်သလို infoPass Web Site ကနေ Appointment လုပ်ပြီး လူကိုယ်တိုင် သွားရောက် တွေ့ဆုံ မေးမြန်းနိုင်ပါတယ်။ ကိုယ်ဖြည့်ထားတဲ့ ဖောင်တွေ မသေချာရင်၊ ဘာပြီးရင် ဘာလုပ်ရမယ် သိချင်ရင်၊ တစ်ခြား သိလိုတဲ့ Immigration ကိစ္စတွေ မှန်သမျှ အားလုံးပေါ့။

အမှန်က ကျွန်တော်လည်း ဒီလို Appointment လုပ်ပြီးသွားမေးလို့ ရတယ်ဆိုတာ မသိပါဘူး။ လွန်ခဲ့တဲ့ နှစ်ပတ်လောက်က အကြောင်း တိုက်ဆိုင်ပြီး PGA ဦးစောရုံတို့ ဇနီးမောင်နှံက အဲဒီ သတင်းပေးသွားတာပါ။ သိပြီးချင်းပဲ နီးစပ်ရာ Palm Beach ရုံးကို Appointment လုပ်ပြီး ဒီနေ့ပဲ သိချင်တာတွေ မေးပြီး ပြန်လာတာပါ။ ဒါမသိခင်က ဟိုရှေ့နေ ဒီရှေ့နေတွေ မေးဖို့ စဉ်းစားနေပါသေးတယ်။ အခုတော့ ဘာမှ မကုန်ပဲ အားလုံး အဆင်ပြေခဲ့ပါတယ်။ ဦးစောရုံ တို့ကိုလည်း ကျေးဇူး အထူးတင်ပါတယ်။ ကျန်တဲ့သူတွေကိုလည်း ပြန်ဝေမျှရရင် ကောင်းမှာပဲ တွေးမိလို့ပါ။

Web Site မှာ Appointment လုပ်ချင်တဲ့ သူတွေ Idea ရအောင် –
(၁) infopass.uscis.gov ကို သွားပါ
(၂) English language ကို ရွေးပြီး Zip code ကို ရိုက်ပါ
(၃) ကိုယ့် ZIp Code နဲ့ နီးတဲ့ ရုံးတွေ ပြပါလိမ့်မယ်။ တစ်ခု ရွေးပါ
(၄) Service တွေ ထဲက ကိုယ်လုပ်ချင်တဲ့ Service တစ်ခုရွေးပါ
(၅) မိမိ Info တွေ ဖြည့်ပါ
(၆) ကိုယ်နဲ့ အဆင်ပြေမယ့် ရက်နဲ့ အချိန်ကို ရွေးပါ
(၇) ပြီးရင် Confirm လုပ်ပါ။
(၈) အဲဒီ Confirmation နံပတ်ပါတဲ့ စာမျက်နာကို Print လုပ်ပါ။ လိုလို ပိုပို ၂ စောင် ထုတ်ထားပါ။
ရုံးကို သွားရင် အဲဒီ စာရွက် တောင်းပါတယ်။

နောက်တစ်ခု အကြံပေးချင်တာက ရုံးကို သွားတဲ့အခါ သိလိုတဲ့ မေးခွန်းတွေ စာရွက်ကြမ်းတစ်ခု ပေါ် မှတ်ယူသွားရင် မေးချင်တာတွေ မမေ့ဘူးပေါ့။

Comments (3)

  1. Anonymous September 16, 2012 at 7:29 pm Reply

    ဒါလေးများ သာအေးသွားမေးပေါ့

    ခင်လို့နောက်တာနော

    1. Htun Linn September 17, 2012 at 5:59 pm Reply

      ရပါတယ်ဗျာ၊ လူမှုရေးအလုပ် လုပ်ကြတာကို တစ်ချို့က အကောင်းမြင်ပေမယ့် တစ်ချို့က ဟားစရာ တစ်ခုလို သဘောထားကြတာ လုပ်ရင်း ကိုင်ရင်း ကြုံဖူးနေပါပြီ၊ 🙂

  2. Than Naing September 16, 2012 at 1:25 pm Reply

    သတင်းကောင်းဗျာ။ ကျနော်လည်းအခုမှသိတာပါ။ ကျေးဇူးတင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Related Posts

Zawgyi Myanmar Font for iOS iPhone Ipad
Zawgyi Font and Myanmar Keyboard for iPhone and iPad

Download Zawgyi Font (1) Open “SAFARI BROWSER” on your iPhone or iPad (2) Click Here to

Android စက်များ အသုံးပြုနည်း (မြန်မာလို)

Android စက်များ အသုံးချပုံကို ဗမာလို ရေးသားထားခြင်း ဖြစ်ပါတယ်။  (Download PDF File) User’s Guide Page 1 User’s Guide Page 2 User’s

DV Form အတွက်ဓါတ်ပုံ တည်းဖြတ်နည်း

အမေရိကန်ပြည်ထောင်စုမှာ လာရောက်အခြေချဖို့ နှစ်တိုင်း မဲဖေါက်ပေးတဲ့ DV lottery အစီအစဉ်ကို လူတိုင်းသိကြပါတယ်။ ဒါပေမယ့် 600px-600px လို့ သူတို့တောင်းထားတဲ့ ဓါတ်ပုံအတွက် ကိုယ်တိုင်မလုပ်တတ်တော့ အဆင်မပြေဖြစ်ကြတာတွေ

sony_GTV_L2
Sony Media Player review

ပြည်ပရောက် မြန်မာမိသားစုတွေ မြန်မာဗွီဒီယိုတွေ ကြည့်ကြတာ သွားလေရာ သတိထားမိပါတယ်။ ကွန်ပျူတာနဲ့ချိပ်၊ ကြိုးတွေ ရှုပ်ရှပ်ခတ်၊ ကြည့်နေရင်း ဟိုကမလာ။ ဒီကပျက်၊ PC Virus

Western Union Myanmar Burma
Money Transfer

မြန်မာပြည်ကို နိုင်ငံခြားမှ ငွေပို့မှုအတွက် Western Union က တရားဝင် ဖွင့်လှစ်ထားကြောင်း ကြားရပါတယ်။ မြန်မာပြည်ဖက်မှာ ထုတ်ပေးတဲ့ ငွေဈေးကလည်း သင့်တင့်ပါတယ်။ ၀န်ဆောင်ခ နှုံးထားတွေကတော့ US$500 အတွက် $10.99

“မဟာဂီတ အမှတ်တရ” ဗွီဒီယို အပြည့်အစုံ

စာပေဟောပြောပွဲညမှ ဒေါ်မာမာအေး၏ မဟာဂီတ အမှတ်တရ ဟောပြောမှု ဗွီဒီယို အပြည့်အစုံ ဖြစ်ပါတယ်။ သင့်ရဲ့ ကွန်ပျူတာမှာ Flash Player ရှိဖို့ လိုအပ်ပါတယ်။

iPhone without APPS
The 25 Best (Free) iPhone Apps

Smart Phone ရဲ့ ရည်ရွယ်ချက်ကိုက အဲဒီလို (Extended Functionalities) အဆုံးမရှိတဲ့ Idea အသစ်တွေ  တိုးချင်သလောက် တိုးလာနိုင်အောင်  ပို အသုံးတည့်လာအောင် ကြိုးစားလုပ်ထားကြတာ၊

Lytro_02.jpg
သမိုင်းအသစ်ရေးမည့် Lytro Camera

ပြီးခဲ့တဲ့နှစ် ၂၀၁၁ နိုဝင်ဘာလောက်က pcworld.com မှာ စိတ်ဝင်စားစရာကောင်းတဲ့ Camera လေးတစ်လုံး အကြောင်းဖတ်လိုက်မိပါတယ်။ အဲဒါနဲ့ပဲ အဲဒီ camera လေးရဲ့ သမိုင်း၊ တီထွင်ထားတဲ့

SSV Grand Opening Ceremony Video

ထေရ၀ါဒ သံဃ၀ိဟာရ ကျောင်းဆောင်သစ် ဖွင့်ပွဲ အခမ်းအနား ကို West Palm beach, Florida တွင် ဇွန်လ ၁ ရက်နေ့က ကျင်းပခဲ့ကြပါသည်။

Zawgyi Font in a MAC OS(Apple) Video instruction
Zawgyi Font in a MAC OS(Apple) Video

MAC Version 10.14 (Mojave) မှာ ဇော်ဂျီဖောင့်နဲ့ ပက်သက်ပြီး ပြသနာတွေဖြစ်နေတယ်လို့ ကြားရပါတယ်။ Font Book ကို မသုံးပါနဲ့။  Finder ကိုဖွင့်ပါ။  

စာပေစကားဝိုင်းမှ မှတ်တမ်းတင် ဓါတ်ပုံများ

ဆရာဦးဝင်းငြိမ်း၊ ဆရာမကြီးဒေါ်ပတ္တမြားခင် တို့နှင့် စာပေဆွေးနွေးပွဲ တစ်ခုကို သြဂတ်လ ၁၄ရက်နေ့ ဆရာဟိုးနေအိမ် တွင်ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲတွင် တက်ရောက်လာကြသူများ၏ ရန်ကုန် စာပေ၊ စာနယ်ဇင်းနှင့်

Dedicated Song to UNOB by Lashio Thein Aung

  Composed and Performed by The Great Legendary Jimmy Jack ( Lashio Thein Aung )   

Pictures from Concert

take a look,,,so cool…. [nggallery id=17]