Subscribe via RSS Feed

စာပေဟောပြောပွဲ မှတ်တမ်း

 

အမေရိကန် ပြည်ထောင်စု၊ ဖလော်ရီဒါ ပြည်နယ်၊ မြန်မာတိုင်းရင်းသား မျိုးနွယ်စုများ အသင်း (UNOB) မှ ကြီးမှုး၍ စာပေဟောပြောပွဲ တစ်ခုကို ၂၀၁၂ခု စက်တင်ဘာ ၁ ရက်နေ့ညက Boca Raton မြို့မှာ ကျင်းပခဲ့ကြပါသည်။
စာပေဗိမာန် ပထမဆုနှင့် အမျိုးသားစာပေဆုရ စာရေးဆရာ ကံထွန်းသစ် (အရှင် ဇာဂရ) မှ ဗုဒ္ဓရဲ့ လူ့တန်ဖိုး၊ ကဗျာဆရာ ကိုအောင်ဝေး မှ အလှသင်ခြင်း၊ နိုင်ငံကျော် တေးသံရှင် ဒေါ်မာမာအေး မှ မဟာဂီတ အမှတ်တရ ခေါင်းစဉ် အသီးသီးဖြင့် မြန်မာ့စာပေ၊ ကဗျာ၊ ဂီတ နှင့် မြန်မာပြည်၏ လတ်တလော အခြေအနေများကို ရှု့ထောင့် ပေါင်းစုံမှ သုံးသပ် ဟောပြောခဲ့ကြပါသည်။ ယခု စာပေဟောပြောပွဲမှာ ဖလော်ရီဒါပြည်နယ် အတွက် ပထမဦးဆုံး အကြိမ်ဖြစ်သည့် အားလျော်စွာ တတ်ရောက် လာခဲ့ကြသည့် စာပေ ၀ါသနာရှင်များ မှလည်း စိတ်ဝင်တစား နားထောင်ခဲ့ကြသလို ဟောပြောပေးသည့် ပညာရှင်များ ဖက်မှလည်း အားရ၀မ်းသာ ရှိခဲ့ကြကြောင်း ကြားသိရသည့် အတွက် UNOB အသင်းသား/သူ များမှ များစွာ ကျေးဇူးတင် ပီတိ ဖြစ်ကြရပါသည်။
အချိန်လု၍ အတတ်နိုင်ဆုံးကြိုးစား ကြသော်လည်း အားနည်းချက် ချွတ်ယွင်းချက်များ ရှိနေမည်မှာ မလွဲပါ။ ယခု အတွေ့အကြုံကို ယူ၍ နောက်လာမည့် ပွဲများတွင် ပိုမို ကောင်းမွန်အောင် ကြိုးစားကြပါဦးမည်။ စာပေဟောပြောပွဲမှ မှတ်တမ်းတင် ဓါတ်ပုံများနဲ့ Hightlight Video ကို ဤနေရာတွင် ကြည့်ရှုနိုင်ပါသည်။ ဟောပြောပွဲတွင် မှတ်တမ်းတင် ရိုက်ကူးထားသော video အပြည့်အစုံကို ရက် အနည်းငယ်အတွင်း ကြည့်ရှု့နိုင်အောင် ကြိုးစားပေးပါမည်။

 

Related posts:

Tags: , , , , , , , , , , ,

Category: Featured

About the Author: single and living happily in Florida.

Comments (3)

Trackback URL | Comments RSS Feed

  1. Htun Linn says:

    Thanks to UNOB

  2. Brangshawng says:

    I would like to thank the event organizers, all those who showed up for this event regardless of poor time we have. Special thank to A Shin Zagara, Saya Ko Aung Way and the one and only Daw Mar Mar Aye, mother of Burmese original music.
    Thank you all again on behalf of UNOB.

  3. bm says:

    Gazillion thanks to Ko Kaung and Ko Htun Linn.

Leave a Reply




If you want a picture to show with your comment, go get a Gravatar.

*