Farewell ကိုသက်လွင်
Administrator | Aug 13, 2012 | Comments 3
ကျွန်တော်တို့ရဲ့ အဖွဲ့ဝင်များထဲက အတက်ကြွဆုံး သူတစ်ယောက်ကိုပြပါလို့ မေးလာခဲ့ရင် ကိုသက်လွင်ကို လက်ညှိုးထိုးပြကြမယ် လို့ ထင်ပါတယ်။ ဘာပဲလုပ်လုပ် အရှေ့ဆုံးကနေ ကျရာနေရာယူပြီး အပင်ပန်းခံ ကူညီတတ်တာ ကျွန်တော်တို့ အားလုံး သိကြပါတယ်။ တတ်ကြွလွန်းအားကြီးပြီး ကျန်တဲ့ ကျွန်တော် တို့လိုလူများကို စေတနာနဲ့ အားမလို အားမရ စကားတွေ ပြောတတ်တာလည်း သူပါပဲ။ ကိုသက်လွင် California ကိုပြောင်းရွေ့အခြေချဖို့ သတင်းကြားကြတော့ အားလုံး စိတ်မကောင်းကြပါဘူး။ ကျွန်တော်တို့ UNOB အဖွဲ့တင် မကပါဘူး West Palm Beach က သီတဂူ ဘုန်းကြီးကျောင်း အတွက်ပါ အားကိုးရတဲ့ မိသားစု တစ်စု လျော့သွားတာ အမှန်ပါ။ ကျွန်တော်တို့တွေ ဒီရောက်မှ တွေ့ဆုံ သိကျွမ်းခဲ့ကျပေမယ့် ခင်ရာဆွေမျိုး ညီအစ်ကို ရင်းများလို ကူညီလိုက် ငြင်းခုံလိုက်နဲ့ ပျော်ပျော်ပါးပါး လက်တွဲလုပ်ခဲ့ကြတာ ကာလတစ်ခုတိုင်ခဲ့ပါပြီ။
ကိုသက်လွင် မသွားခင် တစ်ရက် (August 11 2012) ညက အချိန်ယူပြီးကျွန်တော်တို့ အဖွဲ့ဝင်များနဲ့ နှုတ်ဆက်စကားပြောဖို့ ထမင်းအတူ စားဖြစ်ခဲ့ကြပါတယ်။ ကိုကျော်ဦး၊ ကိုပီတာ၊ ကိုမောင်ငယ်၊ ကိုရာဇာ၊ ကိုလှိုင်ဝင်း၊ ကိုသီဟန်၊ ကိုစိန်မြင့်အောင်၊ ကိုအောင်သက်၊ ကိုဘရန်ရှောင်၊ ကိုရဲမင်းဦး+မသူဇာ၊ နှင့် ထွန်းလင်းလတ် တို့လာရောက်ပြီး နှုတ်ဆက်ကြပါတယ်။ စိတ်မကောင်းကြပေမယ့်လည်း မိသားစုရှေ့ရေး အတွက် ဆိုတဲ့ ရည်ရွယ်ချက်ကို အားလုံးနားလည်ထားကြတဲ့ အတိုင်း ဆုမွန်ကောင်းများ တောင်းပေးရင်း နှုတ်ဆက်ခဲ့ကြပါတယ်။ ကံမကုန်ကြသေးရင်တော့ ပြန်ဆုံကြဦးမယ်လို့ မျှော်လင့်ရင်း Good-Bye.
Related posts:
Filed Under: UNOB








UNOB အဖွဲ့ဝင်အားလုံးကိုအထူးပဲ ကျေးဇူးတင်ရှိပါတယ် ကျနော့အတွက်အထူးတလှယ် နှုတ်ဆက်ပွဲလုပ်ပေးခဲ့တာကို ဘယ်တော့မှမေ့နိုင်တော့မှာမဟုတ်ပါ UNOB မှာကျနော်တို့တွေပျော်ကြပါးကြ ငြင်းကြ ခုန်ကြနဲ့ ညီအကိုအရင်းပမာ နေလာခဲ့ကြတာ သုံး နှစ်တာကြာခဲ့ပါပြီ။ တကယ်ဆိုရင် ကျနော်ဟာ လူလယ်ကောင်မှာ မပြောတက်မဆိုတက် စိုးရိမ်ကြောင့်ကြနေတက်တဲ့ သူတစ်ယောက်ပါ။ ကျနော့ကို UNOB က အဲ့ဒီနွံထဲက ရုန်းထွက်နိုင်အောင် လေ့ကျင့်ပေးခဲ့တာပါ။ ကျနော့အနေနဲ့ စကားပြောမတက်တာတွေ အမှားလုပ်မိတာတွေများရှိရင် ခွင့်လွတ်ပေးကြပါ။ ကျနော့ရင်ထဲမှာ လူတယောက်ကိုနှစ်နာစေလိုတာတွေ UNOB ညိုးငယ်စေလိုတာတွေ ဘယ်သောအခါမှ မရှိခဲ့ပါ။ ဒါပေမဲ့ ကျနော့မူရင်း အားနဲချက်ဖြစ်တဲ့ ရှက်တက်ကြောက်တက် အားနာတက်တာတွေကို ပြင်နေတဲ့ကာလဖြစ်တာကြောင့် အများသူငှာထက်အမှားပါနိုင်ပါတယ်။ အားလုံးပဲနားလယ်ခွင့်လွတ် နိုင်ကြလိမ့်မယ်လို့ ယုံကြည်ပါတယ်။ ကျနော်တို့တွေ တစ်ချိန်ချိန်မှာတော့ တစ်နေရာရာမှာ ပြန်ဆုံကြမှာပါ။
We all miss you Ko Thet.
Wish you all the best and hope we will meet again, if it’s God’s will.
အားလုံးကိုကျေးဇူးတင်ပါတယ်