Asian Culture Festival 2012

Thai American Association မှ ကြီးမှူးတဲ့ ၂၂ ကြိမ်မြောက်   Asian Culture ပွဲတော် ကို  March ၃ ရက်နဲ့ ၄ ရက်နေ့က  Florida, Homestead ရှိ Fruit & Spice Park ထဲမှာ ကျင်းပခဲ့ကြပါတယ်။ အဲ့ဒီပွဲတော်မှာ UNOB  အသင်းကလည်း ဖိတ်ကြားမှူ့အရ ပထမဦးဆုံး အကြိမ် ပါဝင်ကျင်းပခဲ့ပါတယ်။  Asian Culture ဆိုတဲ့အတိုင်း  Asian လူမျိုးပေါင်းစုံက မိမိတို့ရဲ့ ယဉ်ကျေးမှူ့ အကြောင်း၊ နိုင်ငံအကြောင်းတွေနဲ့ ရိုးရာ အစားအစာတွေကို ထုတ်နှုတ်ပြသ ခဲ့ကြပါတယ်။ ပွဲတော်မှာ အစားအစာမျိုးစုံ၊ ရိုးရာပစ္စည်းမျိုးစုံတွေ ရောင်းချကြတဲ့အပြင် သစ်ပင်မျိုးပေါင်း စုံလင်အောင် ရောင်းချကြတာကိုလည်း တွေ့ရှိကြရပါတယ်။

ပွဲတော်ဟာ မြို့ကြီးများနဲ့ အနည်းငယ် အလှမ်းဝေးသော်လည်း ပွဲဖွင့်ချိန် မနက် ၁၀နာရီ က ပွဲပိတ်ချိန် ၆ နာရီအထိ တိုးကြိတ် စည်ကားနေတာ ဆက်တိုက်ပါ။ လူမျိုးပေါင်းစုံ ပါဝင်ဆင်နွဲကြတာမို့ ရောင်စုံများစွာ လှုပ်ရှားသွားလာ နေကြတာကို ကြည့်ရတာ ရင်သပ်ရှု့ မောပါ။ လူမျိုးတစ်မျိုးပြီး တစ်မျိုး မရိုးနိုင်အောင် တလှည့်စီ တင်ဆက် ကပြနေတာ တစ်မျိုး၊ တူရိယာများကို တီးမှုတ်ပြသနေတာ တစ်သွယ်၊ ရှူ့မငြီးဖွယ်ပါ။ဆိုင်းသံဗုံသံများနဲ့ လှည့်လည်သွားလာပြီး ကပြ ဖြော်ဖြေနေကြတဲ့ ကချေသည်လေးများရဲ့ ထိုင်းရိုးရာ အကများကလည်း  လူတိုင်းရင်ကို စွဲဆောင်မှူ့အပြည့် ရှိစေပါတယ်။ ပွဲကြည့်လာကြတဲ့ ရောင်စုံသမငယ်လေးများ ကလည်း ကခြေသည်လေးများ နဲ့အပြိုင် မြိုင်မြိုင် ဆိုင်ဆိုင်ရယ်ပါ။

အဲ့ဒီပွဲတော်မှာ UNOB  ရဲ့ အမာခံ အသင်းဝင်များပါမက အကြံပေးအရာရှိ Dr. ဆရာဦးညွန့်လွင် နဲ့ ဇနီး၊ ဆရာဦးတင်မောင်သန်း နဲ့ဇနီး တို့လည်း မမောနိုင် မပန်းနိုင် လူငယ်တွေနဲ့ အပြိုင် တနေကုန် လာရောက် လုပ်အားပေး ကြပါတယ်။ အဲ့ဒီလိုပွဲမှာ အမိမြန်မာပြည်ရဲ့ တန်ဖိုးမ ဖြတ်နိုင်တဲ့ ယဉ်ကျေးမှု့ အမွေအနှစ်အချို့ကို ထုတ်ဖော်ခွင့် ရခဲ့ကြတာ အင်မတန် ကြည်နူးစရာပါ။ ရှေ့လာမယ့်နှစ်တွေမှာလဲ မြန်မာတို့  အနေနဲ့ ဒီထက်မက အမြင်ဆန်း အသစ်ဆန်းများနဲ့ ပူးပေါင်းလုပ်ဆောင် နိုင်ကြဖို ဆန္ဒပြုမိတာအမှန်ပါ။ အလုပ် အလုပ်တွေနဲ့ချည်းပဲ အချိန်ကုန် စိတ်ပင်ပန်းနေကြတဲ့ သူများအတွက် စိတ်အပန်းဖြေ ထွက်ပေါက်တစ်ခု အနေနဲ့ပဲဆိုဆို၊ မိမိယဉ်ကျေးမှူ့ကို ပြသချင်တဲ့ ဆန္ဒနဲ့ပဲပြောပြော၊ ပါဝင်သင့်တဲ့ နေရာတစ်ခု ဆိုတာတော့ အမှန်တစ်ကယ်ပါ။ ဒါကြောင့် တစ်နှစ် တစ်ခါသာလုပ်တဲ့ အဲ့ဒီလိုပွဲမျိုးမှာ ပါဝင်ဆင်နွဲခွင့် မရလိုက်တဲ့ သူတွေအတွက် စိတ်မှန်းနဲ့ ကြည်နူးကြရအောင် ဒီနေရာကနေ တင်ပြလိုက် ရပါတယ်။

Related posts:

Filed Under: FeaturedGeneral News

Tags:

RSSComments (4)

Leave a Reply | Trackback URL

  1. Than Naing says:

    Very Good Activities. Cheers!

  2. Htun Linn says:

    Thanks Ko Thet Lwin for sharing a story with us, also to everyone who has helped this to happen. Thanks Uncle Lwin for the great pictures too.

  3. မောတော့ မောတာပေါ့ ဒါပေမဲ့ မမောဘူး (:

  4. bm says:

    I would like to thank to those who worked so hard for this event. It is clearly not easy for people like us, working 7 days a week, and volunteer for community like this. I personally praise you all, for your effort and courage. I’m so glad we got a chance to participate in the event like this. We have a long way to go, together.
    Keep it up UNOB!!!!

Leave a Reply