ဆွေးနွေးပွဲ မှတ်တမ်း

အရင် အပတ်က ဖိတ်ကြားထားခဲ့တဲ့ အတိုင်း ဒီကနေ့  UNOB ဘဏ္ဍာရေးမှုး ကိုအောင်သက် အိမ်မှာ အခွန်ငွေကိစ္စများနဲ့  ပတ်သက်ပြီး ကယ်လီဖိုးနီးယားပြည်နယ်မှ မနှင်းနှင်းလွင် က ဦးဆောင်ကာ ဆွေးနွေးပွဲကို ကျင်းပခဲ့ကြပါတယ်။

ဆွေးနွေးပွဲ အကြောင်း မပြောခင် အစားအသောက်များ အကြောင်း အရင်ပြောချင်ပါတယ်။ မငယ်လေးရဲ့ မုန့်ဟင်းခါးကလည်း ကောင်းသလို UNOB  ညီအစ်ကိုများရဲ့  ထမနဲ ကလည်း ထင်တာထက်တောင် ကောင်းနေပါသေးတယ်။ မချစ်ရဲ့ စယ်မိုင် (အချို) လည်း အစစ်ပါသလို ကိုရဲ ရဲ့  ရွှေမန်း လက္ဘရည်ကလည်း လူတိုင်း အားပေးကြပါတယ်။ ကျွန်တော် ကိုအောင်သက် အိမ်ရှေ့ရောက်တော့ ကားရပ်ဖို့ နေရာတောင် မလွယ်တော့ပါဘူး။ အဖွဲ့ဝင်များ အပြင် တစ်ခြား စိတ်ဝင်စားတဲ့ မိတ်ဆွေများလည်း တွေ့ရပါတယ်။ UNOB အဖွဲ့  အကြံပေး လူကြီးများဖြစ်တဲ့ Dr. Lwin &  Aunty Lynda, Dr. Ho & Aunty Grace တို့ ကိုလည်း တွေ့ရပါတယ်။ ဆွေးနွေးပွဲ တစ်ခုဆိုတာထက် မိသားစု ပြန်လည်တွေ့ဆုံပွဲ တစ်ခုလို နွေးနွေးထွေးထွေး ရှိလှပါတယ်။

ဆွေးနွေးပွဲ လုပ်တော့လဲ တစ်ယောက်တစ်မျိုး မေးကြရင်း၊ အပြန်အလှန် ဆွေးနွေးကြရင်း အကြောင်းအရာ များလည်း တော်တော် စုံစုံလင်လင် ကြားခဲ့ရပါတယ်။ ကျွန်တော်တို့မေးတဲ့ မေးခွန်းတစ်ချို့ ကလည်း Silly ဖြစ်ကောင်း ဖြစ်နေပေမယ့် တစ်ကယ်ကို ရေရေရာရာ သိခဲ့တာမျိုး မဟုတ်တော့ ထုတ်မေးခွင့် ရတာကိုပဲ အကျိုး အများကြီးရှိခဲ့ပါတယ်။ ဆွေးနွေးပွဲ ပြီးလို့ အိမ်အပြန် လမ်းတစ်လျှောက် အတွေးတွေ ခေါင်းထဲ အများကြီး ၀င်လာပါတယ်။ ကျွန်တော်တို့တွေ မျက်ကန်း တစ္ဆေမကြောက် ဆိုသလို မကြုံဖူး မလေ့လာဖူးတော့ ကြားဖူးနားဝ ထင်ရာမြင်ရာ သက်သာရင် ပြီးရော ဆိုပြီး TAX ကိစ္စတွေကို လုပ်ချင်သလို လုပ်ထားတာပါ။ တစ်ကယ်တမ်း ပြဿနာ ဖြစ်လာရင် မျက်ကလဲ ဆန်ပြာဖြစ်မှာ သေချာပါတယ်။ အဲဒါတင် မက ကိုယ့်ရဲ့ Credit လည်း ထိ ဦးမှာပါ။ အဲဒီတော့ ဒီလိုမျိုး ကိုယ်ထင်ရာ မြင်ရာတွေ လုပ်နေတာထက် စာရင် ပိုပြီး နဲနဲ သိလာတော့ ဆင်ခြင်နိုင်တာပေါ့။ ကိုယ့် မိတ်ဆွေ အပေါင်းအသင်းများ ကိုလည်း အခွင့်ကြုံရင် ပြန်ရှင်းပြနိုင်တာပေါ့။

အနှစ်ချုပ်ရရင် နားလည် တတ်ကျွမ်းတဲ့ သူများနဲ့ တိုင်ပင်ပြီး လုပ်တာဟာ ကိုယ့်အတွက် အကျိုးမယုတ်ပါဘူး။ သက်သာရင် ပြီးရော ဆိုပြီး လုပ်ချင်သလို လုပ်ထားပြန်ရင်လည်း ပြဿနာဖြစ်လာရင် ကိုယ့်  Income TAX Form ကို ပြင်ဆင်ပေးထားတဲ့ သူက တာဝန်ယူ ဖြေရှင်းပေးမလား ဆိုတာ အရေးကြီးပါသေးတယ်။ အသေးစိတ် သိချင်ရင်တော့ မနှင်းနှင်းလွင် ကို တိုက်ရိုက် ဖုန်းခေါ်ပြီး မေးနိုင်ပါတယ်လို့ သတင်းကောင်းပါး အပ်ပါတယ်။ မနှင်းနှင်းလွင် ကိုယ်တိုင်ကလည်း အလုပ် အပ်တာ မအပ်တာထက် နားမလည်တာရှိရင် အချိန်မေ၇ွး ဆက်သွယ်နိုင်ပါတယ်လို့ ပြောထားပါတယ်။ နောက်တစ်ခု ကောင်းတာက  ကိုယ့်လူမျိုး ဖြစ်တဲ့အတွက် ကိုယ့် ဘာသာစကားနဲ့ ပွင့်ပွင့်လင်းလင်း မေးလို့ရတော့ အကြောင်းအရာတွေကို ပြတ်ပြတ်သားသား နားလည်ဖို့ ပိုမို နီးစပ်ပါတယ်။ ပြဿနာ နဲ့ ရောဂါ ဆိုတာ မဖြစ်ခင် ကတည်းက ကာကွယ်ထားနိုင်ရင် အကောင်းဆုံးပါပဲ လို့  လူကြီးသူမများ က ဆုံးမတတ်တာ မကြာခဏ ကြားဖူးပါတယ်။

H & J Tax Services

Hnin Hnin Lwin

TEL: (916)388-4826

taxhnj@gmail.com

Related posts:

Filed Under: FeaturedUNOB

Tags:

RSSComments (6)

Leave a Reply | Trackback URL

  1. No Two says:

    thank you very much.

  2. Brangshawng Maran says:

    Such a great event. Special thanks to the Organizer, Ko Zaw Gyi & Ma Nge Lay, and the host, Ko Aung Thet & Ma Chit, and of cause, Ma Hnin Lwin, who came all the way from CA. Thanks to those who worked so hard to make it happened.
    As a Secretary of UNOB, I’m so grateful to be part of this Organization and to work with this great personals who are really dedicated for our community.

  3. Hnin Lwin says:

    Thank you very much for giving me an opportunity to share my knowledge at the event. It was great pleasure to meet such a huge crowd. I am thanking all of you for participating at the event during your busy schedule. And special thanks to Dr Kyaw Oo, Ko Brang, Ma Nge lay and Ko Zaw Gyi, Ma Chit and Ko Aung Thet, Ma Thaw and Ko Mg Nge, Dr lwin and Aunty Lynda, Dr Ho and Aunty Grace, MC Ko Sein, IT guru Ko Htun Linn and everyone involved. Food were so good, thank you.
    PS/ As I mentioned at the event, feel free to contact me for any questions or comments.

  4. Lynn says:

    it’s nice to see everyone especially to Aunty Linda.

  5. bm says:

    Very nice event. So sad, didn’t get a chance to taste all the food.

  6. တကယ့်ကိုကြည်နူးနှစ်သက်စရာကောင်းတဲ့ ပွဲလေးတစ်ခုပါ ဗဟုတုတလည်းရသလို လူပေါင်းဆုံလင်စွာနဲ့လည်းခင်မင်ရင်းနှီးခွင့်ရခဲ့ပါတယ် ပွဲဖြစ်မြောက်ဖို့ စွမ်းဆောင်ပေးခဲ့ကြတဲ့ သူများကိုကျေးဇူးတင်သလို လာရောက်သူများ အားလုံးကို ကျေးဇူးတင်ရှိပါတယ် မထင်မှတ်ပဲ ထမနဲထိုးပွဲလေးဖြစ်သွားပြီး ထမနဲ နှမ်းဖြူးပေးသူများကို တကယ်ကို ကျေးဇူးတင်မိပါတယ် နောက်တာမဟုတ်ပါ တကယ်ပါ ထမနဲက နှမ်းဖြူးပေးလိုက်လို လူတိုင်းပါးစပ်ဖျားမှာ တသသဖြစ်သွားစေပါတယ်

Leave a Reply