Subscribe via RSS Feed

ဝင်ငွေခွန် ဘယ်လိုဆောင်မလဲ (တွေ့ဆုံဆွေးနွေးပွဲ)

 

နှစ်သစ် တစ်ခုပြောင်းပြီဆိုတိုင်း လုပ်ငန်းရှင်များ ကတော့ ခေါင်းခဲရစမြဲပါ။ ပြီးခဲ့တဲ့နှစ်က ကိုယ့် လုပ်ငန်း ကောင်းမကောင်းပေါ် မူတည်ပြီး ၀င်ငွေခွန် ဘယ်လို ဆောင်ရင် အဆင်ပြေမလဲ ဆိုတာ နှစ်သစ်ကူးတဲ့ ညကတည်းက တွေးနေရပြီပေါ့။ အင်္ဂလိပ်စကား အခက်အခဲ ရှိသော သူများအတွက် ပိုပြီး ခေါင်းကိုက်စရာ ဖြစ်တတ်ပါတယ်။ သိလိုသမျှ ကိုယ်လုပ်ချင်တာ မှန်သမျှကို နားလည်အောင် မပြောတတ်၊ သူပြောပြတာလည်း ရေရေရာရာ နားမလည် အဖြစ်မျိုး ကြုံရတတ်သလို တစ်ခါတစ်ရံ တစ်ကယ် လိုအပ်တာထက် ပိုမို ကုန်ကျရမှုမျိုးလည်း ကြုံရတတ်ပါတယ်။

လာမယ့် ၂၀ ရက်နေ့ ညမှာ ၀င်ငွေခွန် ကိစ္စများနှင့် ပတ်သက်ပြီးတော့ တွေ့ဆုံဆွေးနွေးပွဲ တစ်ခုပြုလုပ်ကြမှာ ဖြစ်ပါတယ်။ ဆွေးနွေးပွဲကို ကယ်လီဖိုးနီးယားပြည်နယ်မှ မနှင်းနှင်းလွင်က ဦးဆောင်ဆွေးနွေးမှာ ဖြစ်ပြီး တက်ရောက်လာသူများရဲ့ သိလိုသော မေးခွန်းများကို လည်း ဖြေကြားပေးသွားမှာ ဖြစ်ပါတယ်။

တတ်ရောက်လာသူများအတွက် ညစာကိုလည်း ကျွန်တော်တို့ အဖွဲ့မှ တာဝန်ယူ စီစဉ်ပေးထားမှာ ဖြစ်ပါတယ်။ မငယ်လေးရဲ့ မုန့်ဟင်းခါး၊ ထမနဲ အပါအ၀င် အခြား အစားအစာများ စီစဉ်ထားမယ်လို့ ကြားရပါတယ်။ စိတ်ဝင်စားသူ မည်သူမဆို လာရောက်နိုင်ပါကြောင်း အသိပေး ဖိတ်ခေါ်အပ်ပါတယ် ခင်ဗျား။

Hostess : Ma Hnin Hnin Lwin (H & J Tax Services)
Date : 20 February 2012 (Monday)
Time 7:30PM
Place : Aung Aung Thet’s residence
550 SW 9th Ave.
Boca Raton, FL-33486
Contacts : Ko Aung Thet (561)414-3221
Ko Brang Shawng (561)351-7343


View Larger Map

 

Related posts:

Tags: , ,

Category: Featured, General News

About the Author: single and living happily in Florida.

Comments (2)

Trackback URL | Comments RSS Feed

  1. bm says:

    Looking forward to be there..

Leave a Reply




If you want a picture to show with your comment, go get a Gravatar.

*