Where shopping is a pleasure!

Where shopping is a pleasure ဆိုတဲ့ Publix Ad ကို ခေါင်းစဉ်ရွေးလိုက်တာ ပိုပြီးသင့်တော်မယ်ထင်ပါတယ်။

အခုပါးချင်တဲ့ သတင်းက  West Palm beach နားက သူတွေကတော့ သိပြီးသား ဖြစ်နေပါလိမ့်မယ်။ သွားရင်းလာရင်း ကြုံလို့ ၀င်ချင်လဲ ၀င်သွားလို့ရအောင်  သတင်းကောင်း ပေးချင်တာပါ။

နံပတ် (၁) က Restaurant Depot ဆိုင် အသစ်တစ်ဆိုင်ကို ပြီးခဲ့တဲ့လက Riviera beach မှာ ဖွင့်ခဲ့ပါတယ်။ Sushi bar ဆိုင်ပိုင်ရှင်တွေကတော့ တော်တော် သဘောကျကြပါတယ်။ အရေးပေါ်လိုအပ်လို ပစ္စည်းတစ်ချို့ ၀ယ်ချင်ရင် Pompano အထိ ဆင်းနေစရာ မလိုတော့ဘူးပေါ့။ ဘာတွေရလဲ ဆိုတာကတော့ သိပြီးသားတွေ ဖြစ်နေတော့ ရေးမနေတော့ပါဘူး။ လိပ်စာရယ် store hour ရယ်ကတော့ အောက်ဖက်မှာ ဖေါ်ပြထားပါတယ်။

5840 N Military Trail
Riviera Beach, Fl 33407

Phone: 561-242-6161

Store Hours:
Mon: 7:00 AM – 6:00 PM
Tue: 7:00 AM – 6:00 PM
Wed: 7:00 AM – 6:00 PM
Thu: 7:00 AM – 7:00 PM
Fri: 7:00 AM – 6:00 PM
Sat: 7:00 AM – 5:00 PM
Sun: 9:00 AM – 3:00 PM

Restaurant Depot
5840 N Military Trail
Riviera Beach, FL 33407

FOODTOWN SUPER MARKET

နောက်တစ်ခုကတော့ Foodtown လို့ခေါ်တဲ့ super market တစ်ခုပါ။ အဲဒီလမ်းထောင့်မှာပါပဲ။ Caribbean ပစ္စည်းတွေရော၊ Asian (တရုပ်၊ အန္ဒိယ၊ ကိုရီးယား၊ ဂျပန်၊ ထိုင်း၊ *မြန်မာတော့ မပါပါ*) ပစ္စည်းတွေရော၊ အရွက်၊ အချို၊ အခြောက်၊ အခြမ်း၊ ဆန်၊ ပဲ၊ မုန့်ပဲသရေစာ စုံနေအောင်ရှိပါတယ်။ အသီးအရွက်တွေ စုံစုံလင်လင် ဈေးသက်သက်သာသာ နဲ့ရနိုင်တာ တွေ့ရပါတယ်။ Seafood ငါး၊ ပုဇွန်၊ ဂဏန်း လတ်လတ်ဆတ်ဆတ်တွေလဲ တွေ့ရပါတယ်။ အဲဒါကြောင့်ပဲလားတော့ မသိဘူး Store ထဲ ၀င်လိုက်တာနဲ့ အနံအသက်တော့ သိပ်မကောင်းပါဘူး။
နောက်တစ်ခု ရီရတာက ဆိုင်ထဲမှာ Caribbean အပိုင်းက လူမည်းတွေနဲ့ Asia က တရုပ်ဆန်ဆန် မျက်နှာနဲ့ လူနှစ်စား လူးလားခတ် သွားလာဈေးဝယ်နေကြတာ တွေ့ရပါလိမ့်မယ်။ ဆိုင်ရှေ့က Shopping Cart တွေ ကျွန်တော်ကြည့်မိတဲ့အခါ  Foodtown တံဆိပ်နဲ့ လုံးဝ မရှိပဲ Publix, Target, Wal Mart, Toy ‘R’ Us မျိုးစုံရောက်နေတာ အံ့သြလို့ မဆုံးပါဘူး။
လမ်းကြုံရင် တစ်ခါတစ်ခေါက်လောက် ၀င်သွားလိုက်ပါ။ ကျွန်တော်ရဲ့ Favorite ကတော့ အဲဒီထဲမှာ ဖွင့်ထားတဲ့ Caribbean ထမင်းဆိုင် သေးသေးလေးက Oxtail နဲ့ Rice & bean ဖြစ်ပါတယ်။  နောက်တစ်ခု Haitian Patties တွေကလဲ ပူပူနွေးနွေး စားလို့ အလွန်ကောင်းပါတယ်။ ကျွန်တော့် Girlfriend ကတော့ အဲဒီထဲ ရောက်ရင် ပြန်ထွက်ဖို့ သတိမရတော့ဘူး။ မင်းအမေအိမ် ရောက်နေတယ်များမှတ်နေလား လိုတာယူ မြန်မြန်ထွက် လို့ ပြောပြီး အမြဲရန်ဖြစ်ပြီးမှ  ပြန်လာရတတ်ပါတယ်။ စုံစုံလင်လင် ချက်ပြုတ် စားတတ်ကြတဲ့ ကျွန်တော်တို့ လူမျိုးတွေ အတွက် အဲဒီလို ဆိုင်တစ်ခု ရှိနေတာ အလွန် အဆင်ပြေလှပါကြောင်း သတင်းတစ်ခု အနေနဲ့ ဝေမျှတာပါ။
နှစ်နေရာ စလုံးက I-95 ကနေလာရင် Exit#74 ကနေ West ကို ထွက်ရပါတယ်။ အဲဒါ 45th Street ပါ။ Military Trail ရောက်ရင် တွေ့ရပါလိမ့်မယ်။ Sam’s Club လဲ Restaurant Depot နောက်က ကွင်းထဲမှာ ရှိပါတယ်။

Related posts:

Filed Under: FeaturedGeneral News

Tags:

RSSComments (2)

Leave a Reply | Trackback URL

  1. Than Naing says:

    Thanks for god information.

  2. bm says:

    I love to shop there and it’s really a pleasure to shop.
    Love fresh vegetable and fruit there. The best is E Kyar Kwe in a individual pack.

Leave a Reply