Subscribe via RSS Feed

Archive for 2012

Florida နှစ်သစ်ကူး အကြိုပွဲတော်

Florida နှစ်သစ်ကူး အကြိုပွဲတော်

ဖလော်ရီဒါတောင်ပိုင်း နှစ်သစ်ကူး အကြိုပွဲတော်ကို ဒီဇင်ဘာ ၁၅ရက်နေ့ Boca Raton မှာ ကျင်းပမယ်လို့ သိရပါတယ်။ ပွဲကို စည်စည်ကားကား ဖြစ်အောင် မြန်မာတိုင်းရင်းသား အားလုံး ပါဝင်ဆင်နွှဲစေဖို့ ဖိတ်ကြားထားတယ်လို့လဲ သိရပါတယ်။  တိုင်းရင်းသား ပေါင်းစုံရဲ့ ရိုးရာ အစားအစာမျိုးစုံကို ရောင်းချပေးနိုင်ဖို့ ကြိုးစားနေကြပါတယ်။  ဖလော်ရီဒါပြည်နယ်မှ ကလေးငယ်များ မြန်မာဝတ်စုံတွေ ၀တ်ဆင်ပြီး ဖက်ရှင်ပြိုင်ပွဲ အငယ်စားလေးတစ်ခု ထည့်သွင်းထားတယ်လို့ ကြားရပါတယ်။ ပြီးတော့ လူရွှင်တော် ကိုယဉ်ထွေး၊ စန္ဒယား ကိုသစ် (ပစ်တိုင်းထောင်) အပြင် အထူးဧည့်သည်တော် အဖြစ် တေးသံရှင် မေဆွိကိုလည်း ဖိတ်ကြားထားကြောင်းလည်း ကြားရပါတယ်။ ပွဲရဲ့ အစီအစဉ် အပြည့်အစုံကိုတော့ အောက်မှာ ကြည့်ရှုနိုင်ပါတယ်။ ဘယ်သူမဆို လာရောက် ဆင်နွှဲနိုင်ကြောင်း သတင်းပါးအပ်ပါတယ်။

Fundraising Event in Florida 2012

Fundraising Event in Florida 2012

နိုဝင်ဘာ ၈ ရက်နေ့ညက ပြည်သူ့ဂုဏ်ရည် Florida မှ ကြီးမှုးကျင်းပတဲ့ ရံပုံငွေ ရှာဖွေရေး အစီအစဉ် တစ်ရပ်ကို Boca Raton မှာ ပြုလုပ်ခဲ့ပါတယ်။ ကချင်ပြည်နယ် နှင့် ရခိုင်ပြည်နယ်များမှာ ပြည်တွင်း ပြသနာမျိုးစုံ တို့ကြောင့် ဒုက္ခရောက်နေကြရှာတဲ့ တိုင်းရင်းသားများ အားလုံးကို တစ်ဖက်တစ်လမ်းမှ အကူအညီပေးနိုင်ရေး အတွက် ယခုလို ကျင်းပရခြင်းဖြစ်ကြောင်း သိရှိရပါတယ်။ ပွဲတွင် မြန်မာပြည်မှ လူမှုရေး အကျိုးဆောင်များ ဖြစ်ကြသော စာရေးဆရာမကြီး ဒေါ်သန်းမြင့်အောင်၊ ဂီတပညာရှင် ဦးရဲလွင် (မဇ္စျိမလှိုင်း)၊ ဂီတပညာရှင် ဆောင်းဦးလှိုင် တို့မှ မြန်မာပြည်အတွင်း ဖြစ်ပျက်နေသော လတ်တလော အခြေအနေများ၊ အဖက်ဖက်မှ လိုအပ်နေသော နိုင်ငံ့ အခြေအနေများကို အကျယ်တ၀င့် ဆွေးနွေးသွားခဲ့ပါတယ်။  ပွဲတွင် ဒေသခံများမှ မြန်မာ အစားအစာ မျိုးစုံတို့ကို ရံပုံငွေ အဖြစ်ရောင်းချကြပြီး ဂီတ [...]

Independent contractor or Employee?

Independent contractor or Employee?

မိမိလုပ်ငန်းတွင်အခကြေးငွေဖြင့် ဝန်ဆောင်မှုပေးနေသောသူသည်Indepentent Cnotractor လား Employee လား ဆိုတဲ့မေးခွန်းကိုဖြေရန် တခါထရံမလွယ်ကူသလို မှားယွင်းစွာဖော်ပြမိပါကလဲ ကြီးမားသောဒဏ်  ကြေးပေးဆောင်ရတတ်ပါသည်။
အကြမ်းဖျင်းအားဖြင့်သင်(အလုပ်ရှင်) အနေဖြင့်ဝန်ထမ်းဟု ဥပဒေအရ သတ်မှတ်နိုင်သော သူဧ။် လစာမှ ဝင်ငွေခွန် (Income Tax) social security (ပင်စင်ဟုလွယ်လွယ် ဘာသာပြန်ပါရစေ) နှင့် Medicare  (အသက်၊အိမ်ထောင်၊ မိသားစု အခြေအနေ စသဖြင့် ) ပေါ်မူတည်သဖြင့် လစာမှဖြတ်တောက် ထိန်းသိမ်းရပါမည်။
သင်(အလုပ်ရှင်)အနေဖြလဲ SS Tax, Medicare, Unemploymenmt Tax(FUTA &SUTA) အလုပ်ထုပ်ဆိုင်းငံ့ခံရပါက ယာယီထောက်ပံ့သော အခွန်တို့ကို၎င်းဝန်ထမ်း၏ လစာနှုန်းထားအလိုက် ပေးဆောင်ရပါမည်။
အထက်ဖော်ပြပါ အခွန်များကို I.C အတွက် ပေးဆောင်ရန်မလိုပါ။  I.C ဖြစ်ပါက S.E Tax(Self Employment Tax) သာလျှင် ၄င်း person မှ [...]

U.S Immigration အရာရှိများထံမှ အကြံဥာဏ် ရယူလိုလျှင် …

U.S Immigration အရာရှိများထံမှ အကြံဥာဏ် ရယူလိုလျှင် …

ကျွန်တော်တို့ အားလုံး အမေရိကားကို ရောက်လာပြီး တစ်ချိန်မဟုတ် တစ်ချိန် US Immigration ဌာနနဲ့တော့ ပတ်သက်ရ စမြဲပါ။ ရောက်လာပြီးတဲ့ နောက် Status ရဖို့အတွက် Social ပဲ လျှောက် လျှောက်၊ Green Card အတွက် ပဲ ဖြစ်ဖြစ်၊ Citizenship အတွက်၊ မိဘ ခေါ်တာ၊ နောက်ဆုံး မိန်းမယူတာ ဒါတွေ အားလုံး US Immigration လုပ်ထုံး လုပ်နည်းတွေ အတိုင်း လုပ်၊ စည်းကမ်းချက်တွေနဲ့ ညီရင် အချိန်တန်တဲ့အခါ ရောက်လာ၊ ဒါတွေ ပုံမှန်ပါပဲ။
အခုလို ပြောလိုက်တော့လဲ လွယ် သလိုလို။ တစ်ကယ်တမ်း လုပ်ကျပြီဟေ့ ဆိုတာနဲ့ လျှောက်လွှာ Form စ ဖြည့်တဲ့ အခါ [...]

“မဟာဂီတ အမှတ်တရ” ဗွီဒီယို အပြည့်အစုံ

“မဟာဂီတ အမှတ်တရ” ဗွီဒီယို အပြည့်အစုံ

စာပေဟောပြောပွဲညမှ ဒေါ်မာမာအေး၏ မဟာဂီတ အမှတ်တရ ဟောပြောမှု ဗွီဒီယို အပြည့်အစုံ ဖြစ်ပါတယ်။ သင့်ရဲ့ ကွန်ပျူတာမှာ Flash Player ရှိဖို့ လိုအပ်ပါတယ်။ Web Site ပေါ်တွင် ဗွီဒီယို ကြည့်ရန် အခက်အခဲ ရှိပါက မေးမြန်းနိုင်ပါတယ်။
Full length video of Daw Mar Mar Aye’s speech “Mahar Gita”.

စာပေဟောပြောပွဲ မှတ်တမ်း

စာပေဟောပြောပွဲ မှတ်တမ်း

အမေရိကန် ပြည်ထောင်စု၊ ဖလော်ရီဒါ ပြည်နယ်၊ မြန်မာတိုင်းရင်းသား မျိုးနွယ်စုများ အသင်း (UNOB) မှ ကြီးမှုး၍ စာပေဟောပြောပွဲ တစ်ခုကို ၂၀၁၂ခု စက်တင်ဘာ ၁ ရက်နေ့ညက Boca Raton မြို့မှာ ကျင်းပခဲ့ကြပါသည်။
စာပေဗိမာန် ပထမဆုနှင့် အမျိုးသားစာပေဆုရ စာရေးဆရာ ကံထွန်းသစ် (အရှင် ဇာဂရ) မှ ဗုဒ္ဓရဲ့ လူ့တန်ဖိုး၊ ကဗျာဆရာ ကိုအောင်ဝေး မှ အလှသင်ခြင်း၊ နိုင်ငံကျော် တေးသံရှင် ဒေါ်မာမာအေး မှ မဟာဂီတ အမှတ်တရ ခေါင်းစဉ် အသီးသီးဖြင့် မြန်မာ့စာပေ၊ ကဗျာ၊ ဂီတ နှင့် မြန်မာပြည်၏ လတ်တလော အခြေအနေများကို ရှု့ထောင့် ပေါင်းစုံမှ သုံးသပ် ဟောပြောခဲ့ကြပါသည်။ ယခု စာပေဟောပြောပွဲမှာ [...]

အစည်းအဝေး မှတ်တမ်း ဓါတ်ပုံများ (August 2012)

အစည်းအဝေး မှတ်တမ်း ဓါတ်ပုံများ (August 2012)

August 2012 ည ဒေါက်တာ ညွန့်လွင် နှင့် အန်တီ လင်ဒါ တို့ အိမ်တွင် ကျင်းပခဲ့သော အစည်းအဝေးမှ မှတ်တမ်းတင် ဓါတ်ပုံများ -

2012 ဖလော်ရီဒါ စာပေဟောပြောပွဲ

2012 ဖလော်ရီဒါ စာပေဟောပြောပွဲ

ကျွန်တော်တို့ UNOB အဖွဲ့အနေနဲ့ ဖလော်ရီဒါပြည်နယ် အတွင်းမှာ စာပေဟောပြောပွဲ တစ်ခုဖြစ်မြောက်ဖို့ စဉ်းစား ထားကြတာ ကြာပြီဖြစ်ပေမယ့် ဖြစ်မလာခဲ့သေးပါဘူး။ ဒါပေမယ့် အခုတော့ မေ့လိုက်လို့ရပါပြီ။ တိုက်တိုက် ဆိုင်ဆိုင် အကြောင်းတွေ ဖြစ်လာတော့လဲ ချက်ချင်း အကောင်အထည် ဖော်ဖြစ်သွားခဲ့ကြပါတယ်။
ကျွန်တော်တို့တစ်တွေ နေ့စဉ်နှင့် အမျှ မိသားစုတာဝန်၊ စီးပွားရေး တာဝန်၊ ဘာတာဝန် ညာတာဝန်တွေနဲ့ လုံးလည်လိုက်ပြီး ကိုယ့်စာပေ ကိုယ့်ယဉ်ကျေးမှုတွေ နဲ့ တစ်စ တစ်စ ကင်းကွာလာတာ တစ်ချို့ မေ့သလောက် ဖြစ်ကုန်ကြပါပြီ။ အဲသလို အခြေအနေမျိုးမှာ စာပေဟောပြောပွဲ လိုမျိုး ပွဲတစ်ပွဲလောက် ကျင်းပနိုင်တဲ့ အတွက် ဖလော်ရီဒါမှာ ရှိကြတဲ့ မိသားစုများ အားလုံး အများကြီး အကျိုးရှိနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ရပ်နီးရပ်ဝေး မှာရှိကြတဲ့ မိတ်ဆွေများအားလုံး ဒီလို ကြုံတောင့် [...]

Worker’s Comp. Insurance ၀ယ်ဖို့လိုသလား

Worker’s Comp. Insurance ၀ယ်ဖို့လိုသလား

Worker’s Compensation Insurance ၀ယ်ဖို့လိုသလား?
Sushi လုပ်ငန်းရှင်များ ယခုလတ်တလော အငြင်းပွားနေရတဲ့ Worker’s Compensation Insurance ၀ယ်ဖို့လိုမလို ဆိုတဲ့ မေးခွန်းအတွက် အဖြေသည် State တစ်ခုနှင့် တစ်ခု ကွားခြားပါသည်။
သင့်လုပ်ငန်းတွင် အချိန်ပိုင်း/ အချိန်ပြည့် လုပ်ကိုင်နေသော ၀န်ထမ်းများ လုပ်ငန်းခွင် အတွင်း ထိခိုက် ဒဏ်ရာ ရပါက အကာအကွယ် ခံစားခွင့် ရမည့် အာမခံချက် ဖြစ်ပါသည်။
ဝန်ထမ်းဟု ဆိုရာတါင် တစ်ချို့ State တွင် သင်ကိုယ်တိုင် ပါဝင်ပါသည်။ တစ်ချို့ State တွင် သင် (လုပ်ငန်းရှင်) သို့မဟုတ် Corporation Director  အနေဖြင့် ကင်းလွတ်ခွင့် ရှိပါတယ်။ အဘယ့်ကြောင့် ဆိုသော် သင်ထိခိုက်လျှင် ခံစားခွင့် မရှိပါ။ ၀န်ထမ်းသု ဆိုရာတွင် Sub-Contractor များလည်း [...]

Farewell ကိုသက်လွင်

Farewell ကိုသက်လွင်

ကျွန်တော်တို့ရဲ့ အဖွဲ့ဝင်များထဲက အတက်ကြွဆုံး သူတစ်ယောက်ကိုပြပါလို့ မေးလာခဲ့ရင် ကိုသက်လွင်ကို လက်ညှိုးထိုးပြကြမယ် လို့ ထင်ပါတယ်။ ဘာပဲလုပ်လုပ် အရှေ့ဆုံးကနေ ကျရာနေရာယူပြီး အပင်ပန်းခံ ကူညီတတ်တာ ကျွန်တော်တို့ အားလုံး သိကြပါတယ်။ တတ်ကြွလွန်းအားကြီးပြီး ကျန်တဲ့ ကျွန်တော် တို့လိုလူများကို စေတနာနဲ့ အားမလို အားမရ စကားတွေ ပြောတတ်တာလည်း သူပါပဲ။ ကိုသက်လွင် California ကိုပြောင်းရွေ့အခြေချဖို့ သတင်းကြားကြတော့ အားလုံး စိတ်မကောင်းကြပါဘူး။ ကျွန်တော်တို့ UNOB အဖွဲ့တင် မကပါဘူး West Palm Beach က သီတဂူ ဘုန်းကြီးကျောင်း အတွက်ပါ အားကိုးရတဲ့ မိသားစု တစ်စု လျော့သွားတာ အမှန်ပါ။  ကျွန်တော်တို့တွေ ဒီရောက်မှ တွေ့ဆုံ သိကျွမ်းခဲ့ကျပေမယ့် ခင်ရာဆွေမျိုး  ညီအစ်ကို ရင်းများလို ကူညီလိုက် ငြင်းခုံလိုက်နဲ့ ပျော်ပျော်ပါးပါး [...]