Subscribe via RSS Feed

Pirates of Silicon Valley

 

Paul Freiberger and Michael Swaine တို့ ရေးသားထားတဲ့ စာအုပ်ကို အခြေခံပြီး Apple Computer နဲ့ Microsoft သမိုင်းကြောင်းကို စိတ်ဝင်စားဖွယ်ဖြစ်အောင်ရုပ်ရှင် အဖြစ် ရိုက်ကူးထားတာဖြစ်ပါတယ်။ Apple Inc. CEO, Steve Jobs နဲ့ Microsoft, Chairman Bill Gates တို့ရဲ့ ခြားနားတဲ့ နောက်ခံဘ၀၊ အတွေး အခေါ်အယူအဆ တွေကနေ ဘယ်သူမှ မျှော်မှန်းမထားတဲ့ ကမ္ဘာ့နည်းပညာပြောင်းလဲမှုသမိုင်း ဖြစ်လာခဲ့ရပုံကို ဒီ Video ထဲမှာ လေ့လာနိုင်ပါတယ်။

Get the Flash Player to see the wordTube Media Player.

Oct 5th 2011 မှာ ကွယ်လွန်သွားတဲ့ Apple Founder Steve Jobs ဟာ ပညာမယ်မယ်ရရ မရှိပဲ သူငယ်ချင်း တစ်ချို့နဲ့ပေါင်းပြီး 1975  နှစ်ပတ်ဝန်းကျင်က Apple Computer ကို ကားဂိုဒေါင်ထဲက စတင်ခဲ့တာဖြစ်ပါတယ်။ သူမသေခင်လေးမှာပဲ Apple က Exxon Mobile Corp. ကို ကျော်တက်ပြီး Revenue အရ ကမ္ဘာ့ နံပတ် (၁) Company ဖြစ်ခဲ့ပါတယ်။

အထက်တန်းကျောင်းသားဘ၀မှာ SAT အမှတ် ၁၆၀၀ ကို ၁၅၉၀ ရအောင်ဖြေခဲ့တဲ့ Gates က Harvard University မှာလည်း Computer Programming နဲ့ Software ကိုသာ သူ့ဦးနှောက်ထဲမှာ အချိန်ပြည့် ထည့်ထားခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် သူ ပထမဆုံး IBM ကို ရောင်းခဲ့တဲ့ Operating System က သူများဆီက ၀ယ်ပြီး ပြန်ရောင်းခဲ့ရာကနေ တဖြည်းဖြည်း အောင်မြင်လာခဲ့ပါတယ်။ Billion $60 ကျော် ချမ်းသာတဲ့ Gates က သက္ကရာဇ် 2000 မှာ CEO ဘ၀က အနားယူခဲ့ပြီး Bill & Melinda Gates Foundation ဖွဲ့ထားပါတယ်။ သူ့ရဲ့ ကြွယ်ဝမှုတစ်ချို့ကို ဆင်းရဲတဲ့နိုင်ငံများ၊ ပညာရေးဆိုင်ရာ များမှာ လှူဒါန်းမှုများပြုလုပ်နေပါတယ်။

 

Related posts:

Tags: , , , ,

Category: Articles, I.T & Knowledge

About the Author: single and living happily in Florida.

Comments (1)

Trackback URL | Comments RSS Feed

  1. Than Naing says:

    Thanks. very interesting.

Leave a Reply




If you want a picture to show with your comment, go get a Gravatar.

*