ပြည်သူ့ဂုဏ်ရည် အသင်းနှင့်ရင်းနှီးစွာ
အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် L.A. မြို့ အခြေ စိုက်   ပြည်သူ့ဂုဏ်ရည် (Citizen of Burma Award Organization) အသင်းသည် ဒေါက်တာ ဦးဖေသန်းမောင် (UNOB အကြံပေးအရာရှိတစ်ဦး) မှတဆင့် မိမိတို့ မြန်မာတိုင်းရင်းသား မျိုးနွယ်စု များ အသင်းသို့ ဆက်သွယ် လာပါသဖြင့် စက်တင်ဘာလ ၁၀ ရက်နေ့ ည ၈ နာရီ်၊  Ft. Lauderdale ရှိ  ဒေါက်တာ ဦးဖေသန်းမောင် နှင့်ဇနီး ဒေါ်စဝ်မြနွယ်တို့ မိသားစုအိ မ်တွင် တွေ့ ဆုံ ဆွေးနွေးပွဲတရပ် ပြုလုပ်ခဲ့ကြပါသည်။
ပြည်သူ့ဂုဏ်ရည်အဖွဲ့ မှ ကိုယ်စားပြုအဖြစ် အထွေထွေအတွင်းရေးမူး ကိုကျော်ဝဏ္ဏ နှင့် မအိသွယ် တို့ တက်ရောက်ခဲ့ကြပြီး UNOB အ ဖွဲ့ မှ ဥက္ကဌ   ဒေါက်တာကိုကျော်ဦး၊ အတွင်းရေးမူး ကိုဘရန်ရှောင်၊ တွဲဖက်အတွင်းရေးမူး ကိုရဲမင်းဦး၊ ရုံးအဖွဲ့ မူး ကိုသက်လွင်၊ ပြန်ကြားရေးနှင့် Boca Raton ကိုယ်စား လှယ် ကိုစိန်မြင့်အောင်၊ ဆရာဝန်များအသင်း ကိုယ်စားလှယ် ဒေါက်တာ ဦးကျင်စိန်ဟိုး နှင့်ဇနီး၊ UNOB အကြံပေးပုဂ္ဂိုလ်များ ဖြစ်ကြသော ဒေါက်တာ ဦးဖေသန်းမောင် နှင့်ဇနီး၊ ဒေါက်တာဦးညွန့်လွင် နှင့်ဇနီး၊  ဒေါက်တာ ဦးတင်မျိုးသန်း နှင့်ဇနီး၊ ၊ ချင်းအမျိုးသားကိုယ်စားလှယ် ကို Pau Sian Lian Gualnam နှင့်ဇနီး ၊ ဒေါ်တင်တင်ဝင်းနှင့် ဒေါက်တာ Ms. Josephine  တို့ တက်ရောက်ခဲ့ကြပါသည်။
ပြည်သူ့ဂုဏ်ရည်အဖွဲ့  အထွေထွေအတွင်းရေးမူး ကိုကျော်ဝဏ္ဏမှ အဖွဲ့ ရည်မှန်းချက်၊ လုပ်ငန်း စဉ် နှင့် လှုပ်ရှားမူ့များကို အသေးစိတ်ရှင်းလင်း တင်ပြခဲ့ပြီး မိမိတို့ဒေသခံများမှ မေးမြန်းချက်များကို ကိုကျော်ဝဏ္ဏနှင့် မအိသွယ်တို့မှ စိတ်ရှည်လက်ရှည် ရှင်းလင်းတင်ပြ ခဲ့ကြပါသည်။ ပြည်နယ် အသီးသီးမှ ဌာနခွဲများဖြင့် စုစည်းတည်ထောင် ထားသော  ပြည်သူ့ဂုဏ်ရည်နှင့် ဖလော်ရီဒါရှိ မြန်မာတိုင်းရင်းသား လူမျိုးများ ပူးပေါင်း လုပ်ဆောင်နိုင်ရေး အတွက် ချစ်ခင်ရင်းနှီးစွာ အပြန်အလှန် နှီးနောဖလှယ် ခဲ့ကြပါသည်။ ဆွေးနွေးပွဲ အပြီးတွင် UNOB  အသင်းမှ   ပြည်သူ့ဂုဏ်ရည် အသင်းသို့ အမှတ်တရ လက်ဆောင်ပေးအပ် ဂုဏ်ပြုခဲ့ပါသည်။ အိမ်ရှင် ဒေါက်တာ ဦးဖေသန်းမောင် နှင့်ဇနီးတို့ တည်ခင်းဧည့်ခံ ကျွေးမွေးသော စုံလင်လှသည့် စားသောက်ဖွယ်ရာများကို မြိန်ယှက်မဆုံး စားသောက် ကြရင်း အစည်းအဝေးကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ကြပါသည်။
ပြည်သူ့ဂုဏ်ရည် အကြောင်းကို အသေးစိတ် သိရှိလိုလျင် www.citizenofburma.org တွင် ဝင်ရောက် ဖတ်ရှူ့နိုင်ပါသည်။ ပေါင်းစည်းညီညွတ်ခြင်းဖြင့် သာယာဝပြောသော လူ့ဘောင်သစ် ကို မြန်မာနိုင်ငံသားတို့ အဆင့်အတန်းမရွေး ဝိုင်းဝန်းလုပ်ကိုင်နိုင်ရန်ဆန္ဒပြုအပ်ပါသည်။         ။
UNOB
Related posts:
Filed Under: Featured
Tags:
RSSComments (4)
Leave a Reply | Trackback URL
  1. sandra win lwin says:
    good news, but it is pyithu gon yi … i guess…
    in the article there are two names, pyithu gon yi and myanma gon yi …
    please be careful about the organization’s name.. 🙂
  2. Than Naing says:
Leave a Reply