Subscribe via RSS Feed

အားလုံးပဲဟောင်းနွမ်းလွန်းနေလို့

 

နိုင်ငံတကာဟာ ခေတ်နဲ့အညီ တိုးတက်နေသော်လည်း တချို့လူတွေဟာ ခေတ်နဲ့အညီနေထိုင်ဖို့ ငြင်းဆန်နေကြဆဲပဲ ဖြစ်ပါတယ်။ အရိုးစွဲနေတဲ့ ဓလေ့ထုံးစံတွေနဲ့ ဘာသာရေးတို့ ယဉ်ကျေးမှူ့တို့ ခေါင်းစည်း တပ်ပြီး ဘာကိုမှပြုပြင်ပြောင်းလဲမှူ့ မလုပ်လိုတဲ့ လူတွေရှိနေဆဲပါ။ သူတို့လိုခေါင်းမာတတ်တဲ့ သူတွေကြောင့် ဘဝပျက်ဆုံးရှုံးခဲ့ကြရတဲ့ မြေဇာပင်တွေက သာဓကများစွာပါ။ သာဓကတခုကို ထုပ်ဖော်ပြရမယ်ဆိုရင်-

လွန်ခဲ့တဲ့ ၂၀၀၆ ခုနှစ်လောက်က  အိန္ဒိယနိုင်ငံ မထယာပရာဒေ့ရှ်ပြည်နယ် ရတ္တလမ်မြို့က ခရစ်ယန် သာသနာပြု ဆေးရုံအနီးမှာ သတင်းတွေအရ ရဲက ရှာဖွေတူးဖော်တဲ့အခါ မွေးစကလေးအရိုး သို့မဟုတ် သန္ဓေသားလောင်းအရိုး အစိတ်အပိုင်းပေါင်း (၃၉၀) ကို တွေ့ရှိခဲ့ပါတယ်။ တချို့ကိုတော့ ပလပ်စတစ်အိတ်နဲ့ ထည့်ထားတယ်။ ဒါဟာ မွေးကင်းစမိန်းကလေးတွေကို သတ်ပစ်ထားတာတွေနဲ့ မိန်းကလေးသန္ဓေသားတွေကို ဖျက်ချထားတာ ဖြစ်ကြောင်း ရတ္တလမ် ရဲမှူးက စုံစမ်းတွေ့ရှိခဲ့ကြပါတယ်။ အိန္ဒိယနိုင်ငံမှာ သမီး မိန်းကလေးကို သားယောက်ျားလေးထက် ယုတ်ညံ့တယ်လို့ယူဆပြီး မိန်းကလေးမွေးလာရင် သတ်ပစ်တာ မိန်းကလေး ကိုယ် ဝန်ဆောင်ထားရင် ဖျက်ချတာတွေ လုပ်လေ့ရှိပါတယ်။ သမီးရှင်ဘက်က သားရှင်ကို လက်ဖွဲ့ငွေ တင်တောင်းရ တဲ့စနစ်ကလည်း ဒေဝါလီခံ မွဲပြာကျနိုင်စေ လောက်တဲ့အတွက် သမီးမလိုချင်ဘဲ သားပဲလိုချင်ကြတာ ဖြစ်ပါ တယ်။ အခု အိန္ဒိယအစိုးရက ကိုယ်ဝန်ဆောင်နေတုန်း ဗိုက်ထဲကကလေးကို သားလား၊ သမီးလားသိနိုင်အောင် အာလ်ထရာဆောင်းရိုက်ခြင်းကို ပိတ်ပင်ထားသလို သမီးမိန်းခလေး ကိုယ်ဝန်ကို ဖျက်ချတာလည်း တားမြစ် ထားပါတယ်။ ဒါပေမယ့် အာလ်ထရာဆောင်း ခိုးရိုက်ပေးတာနဲ့ ကိုယ်ဝန် ဖျက်ချတာဟာ အင်မတန်ဝင်ငွေ ကောင်းလို့ ငွေများများယူ လုပ်ပေးနေတဲ့ ဆေးရုံဆေးခန်းတွေ အများအပြား ရှိနေဆဲပါပဲ။ ဒီလိုခွဲခြားလိုတဲ့ အလေ့အထဟောင်းများကို မစွန့်လွတ်လိုတဲ့ သူများအတွက် သူတို့မလိုချင်တဲ့ မွေးစသမီးမိန်းကလေးတွေ စွန့်ပစ်ထားနိုင်မယ့် ပုခက်ခြင်းတောင်းစနစ် တည်ထောင်ဖို့ အစီအစဉ်တွေကို အိန္ဒိယအစိုးရကပဲကြေညာ ခဲ့ရပါတယ်။ ဒီပုခက်ခြင်းတောင်းတွေကို နေရာအနှံ့ ထားရှိမှာဖြစ်ပြီး ထည့်ထားခဲ့တဲ့ ကလေးတွေကို မိဘမဲ့ ဂေဟာတွေမှာ မွေးမြူစောင့်ရှောက်ဖို့ ဖြစ်ပါတယ်။ ဒီစနစ်ဆိုးစနစ်ဟောင်းတွေကို ခေါင်းမာပြီးမပြုပြင် မတော်လှန် နိုင်သရွေ့ ကမ္ဘာ ကြီးမှာငြိမ်းချမ်းမှူ့တွေ ဆိတ်သုန်းနေရအုန်းမှာပါပဲ။

 

Related posts:

Category: Articles

About the Author:

Comments (2)

Trackback URL | Comments RSS Feed

  1. Thet Lwin says:

    remember you owe me one.

  2. thanks Ko Thet Lwin. This is a good post.

Leave a Reply




If you want a picture to show with your comment, go get a Gravatar.

*