2nd Annual Meeting & Election

UNOB ၏ ဒုတိယအကြိမ် ညီလာခံနှင့် အလုပ်အမှုဆောင် အသစ် ပြန်လည်ရွေးကောက်ပွဲကို 8/27/2011 ညက Deerfield Beach ရှိ Asian Buffet & Grill ဆိုင်တွင် ပျော်ပျော်ပါးပါး ကျင်းပခဲ့ကြပါသည်။ အခမ်းအနားမှုး ကိုစိန်မြင့်အောင်၊ ဥက္ကဌ ၏ အမှာစကား၊ အတွင်းရေးမှုး၏ ကျေးဇူးတင် စကား၊ ဘဏ္ဍာရေးမှုး၏ စားရင်းရှင်းတမ်း၊ အဖွဲ့ဝင် တစ်ချို့၏ အကြံပေးမှု အစီအစဉ်များ ပြီးသည့်နောက် အမှုဆောင်အသစ်နေရာများကို မဲစနစ်ဖြင့် ပြန်လည်ရွေးချယ်ခဲ့ကြပါသည်။
အမှုဆောင်များရွေးချယ်ပြီးသည့်နောက် Bingo ကစားကြပြီး အခမ်းအနားကို အောင်မြင်စွာ ရုတ်သိမ်းခဲ့ကြပါသည်။ Bingo နှစ်ပွဲ ကစားခဲ့ကြပြီး နှစ်ပွဲစလုံး၏ ပထမဆုများကို (ထူးထူးဆန်းဆန်း) ဥက္ကဌကတော် မထွေးထွေးစိန်မှ တစ်ဦးတည်း ဆွတ်ခူးသွားပါသည်။

Related posts:

Filed Under: FeaturedUNOB

Tags:

RSSComments (2)

Leave a Reply | Trackback URL

  1. bmaran says:

    Thank you all for everything. It was a very nice event. We missed those who couldn’t make it to the event. Hope to see you all next time.

  2. Than Naing says:

    Cheers ! Very Nice.

Leave a Reply