Cheap Online Video Rental

ကျွန်တော်တို့ရဲ့ အနားယူ အပန်းဖြေချိန်များထဲမှာ ဗွီဒီယို ကြည့် အနားယူ ခြင်းသည်လည်း ကဏ္ဍတစ်ခု အဖြစ်ပါဝင်ပါတယ်။ ဆိုင်မှာ သွားရောက် ငှားခြင်းသော်လည်းကောင်း၊ Kiosk စက်များမှ သော်လည်းကောင်း၊ Online မှသော်လည်းကောင်း နည်းမျိုးစုံနဲ့ ရနိုင်ပါတယ်။

Online ကနေ Instant ငှားပြီး ကြည့်နိုင်တဲ့  Web site တွေထဲမှာ လောလောဆယ် Netflix က အသက်သာဆုံးနဲ့ အကောင်းဆုံး ဖြစ်ပါတယ်။  တစ်လ ကို $7.99 ဖြစ်ပြီး Contract လဲ လုပ်ဖို့ မလိုပါဘူး။ ကိုယ့်အိမ်မှာတော့ Internet အမြန်လိုင်း ရှိဖို့တော့ လိုပါတယ်။ တစ်လကို $9.99 ($2) ပိုပေးရင် DVD ကို Mail ကနေလဲ မှာနိုင်သလို Online မှာ လဲ ကြိုက်သလောက် ကြည့်နိုင်ပါတယ်။ အသေးစိတ် Plan တွေကို netflix.com မှာ သွားရောက် ဖတ်နိုင်ပါတယ်။

အခုနောက်ပိုင်းထွက်တဲ့ Blu-Ray Player, TVs တွေမှာ Internet Access လုပ်ဖို့  Wi-Fi သို့မဟုတ် Ethernet Port တွေပါ ပါတယ်။ အဲဒီကနေတစ်ဆင့် ကိုယ့်အိမ်က Router ကို ချိပ်ပြီး လွယ်လင့်တကူ ကြည့်ရှု့နိုင်ပါတယ်။ ကိုယ့်အိမ်က Internet လိုင်း မြန်လျှင် မြန်သလို ရုပ်သံ Quality လည်းကောင်းပါတယ်။ တစ်ခု မကောင်းသေးတာ ကတော့ Online ကကြည့်တဲ့ Instant Watch မှာ အခွေတွေ အားလုံးတော့ မရသေးပါဘူး၊ Netflix မှာ Video Title ပေါင်း တစ်သိန်းကျော် ရှိတယ်လို့ ကြေငြာထားပါတယ်။ တရုပ်ကား၊ ကုလားကား နိုင်ငံခြားကား ပေါင်းစုံနဲ့ TV အစီအစဉ်များလဲ ပါဝင်ပါတယ်။

ကျွန်တော်တို့လို အနားယူချိန်မှာ ရုပ်ရှင် ဗွီဒီယို ကြိုက်တဲ့ သူများအတွက် သက်သက်သာသာနဲ့ အပန်းဖြေနိုင်ဖို့ သတင်းပါးလိုပါတယ်။

Related posts:

Filed Under: Featured

Tags:

RSSComments (3)

Leave a Reply | Trackback URL

  1. Any place in the U.S where you can have access to the Internet, even by an iPhone

  2. Than Naing says:

    မေ့သွားလို့အဲဒါက$7.99ပေးထားရင်အိမ်မှာရောဆိုင်မှာရောကြည့်လို့ရမှာလား

  3. moses says:

    Thank’s a lot,I love to watch Movies.

Leave a Reply