UNOB Newsletter (Vol. 1)

မျိုးနွယ်စုသတင်းစာစောင်ကို ၂၀၁၀ခုနှစ် ဇူလိုင်လတွင် ပထမဆုံးအကြိမ်အဖြစ် အောင်မြင်စွာထုတ်ဝေနိုင်ခဲ့ပါသည်။ အခမဲ့ထုတ်ဝေဖြန့်ချီခြင်းဖြစ်ပြီး စာစောင်ကုန်ကျစရိပ်များကို Tampa မှ ကိုမောင်စိုး၊ Boca Raton မှ ကိုဇော်ကြီး၊ Vero Beach မှ ကိုသန်းနိုင်တို့က လှူဒါန်းခြင်းဖြစ်ပါသည်။ စာစောင်ဖြစ်မြောက်ရေးအတွက် ကိုသန်းနိုင်မှနေ၍ အစမှအဆုံးတာဝန်ယူ ပြင်ဆင်ပေးခဲ့ခြင်းဖြစ်ပါသည်။

စာစောင်ထုတ်ဝေရခြင်း၏ ရည်ရွယ်ချက်မှာ ပြည်ပတွင်ရောက်ရှိ နေကြသော မြန်မာ့အသိုင်းအ၀ိုင်းအတွင်း လူမှုရေး၊ ကျန်းမာရေး၊ ဥပဒေရေးများကို တတ်အားသ၍ အပြန်အလှန် အကူအညီများ ပေးနိုင်ကြစေရန် အတွက် ရည်ရွယ်ပါသည်။ စာစောင်၏ပထမဆုံး စာမျက်နှာတွင်ပါရှိသော ကိုကျော်ဦးမှ ရှင်းလင်းတင်ပြထားချက်များကို ဖတ်ကြည့်လျှင် ကျွန်တော်တို့ UNOB အဖွဲ့၏ ရည်ရွယ်ချက်၊ ရပ်တည်ချက်များကို နားလည်သဘောပေါက်နိုင်မည် ဖြစ်ပါသည်။

ပထမဆုံးအကြိမ်ဖြစ်သည့် အားလျော်စွာ ပြည့်စုံမှုနည်းမည် ဖြစ်သော်လည်း နောက်ထပ် ထုတ်ဝေမည့် စာစောင်များတွင် မြန်မာ့အသိုင်းအ၀ိုင်းအတွက် အမှန်တစ်ကယ်လိုအပ်သည့်၊ အကျိုးရှိမည့် အကြောင်းအရာများကို ကဏ္ဍပေါင်းစုံ ကြိုးစားရွေးချယ်စုစည်း၍ ထုတ်ဝေသွားမည်ဖြစ်ပါသည်။

ကျွန်တော်များ အသိုင်းအ၀ိုင်းအတွက် အကျိုးရှိမည့်စာများအပြင် အကြံဥာဏ်များပေးလိုပါကလည်း Email မှသော်လည်ကောင်း၊ စာတိုက်မှသော်လည်ကောင်း ဆက်သွယ်ပါဟု ဖိတ်ခေါ်ပါသည်။ နောက်ထုတ်မည့်စာစောင်များတွင် ဖေါ်ပြပေးသွားမည် ဖြစ်ပါသည်။ အကြောင်းအရာနှင့် ရေးသူ၏ နာမည်ရင်း၊ ဆက်သွယ်ရန် Info များကို တစ်ပါတည်းပေးစေလိုပါသည်။ (မှတ်ချက်။–။ ရေးသူ၏ Info များကို စာစောင်ထဲတွင် ဖေါ်ပြရန်မဟုတ်ပါ၊ UNOB Newsletter မှတ်တမ်းတွင် မှတ်တမ်းအဖြစ် ထားရှိရန်ဖြစ်ပါသည်။)

အချိန်အခက်အခဲနှင့်အတွေ့အကြုံနည်းသေးသည့်အတွက် အမှားအယွင်းများတွေ့ရှိပါက နားလည်ခွင့်လွှတ် ပေးစေလိုပါသည်။ စာစောင်ရယူလိုပါလျှင် ကျွန်တော်တို့အားဆက်သွယ်ပါ၊ အခမဲ့ပို့ပေးပါမည်။

Click here to read Newsletter in PDF

Click here to read UNOB Newsletter

Download (PDF, 1.23MB)

Related posts:

Filed Under: FeaturedNewsletter

Tags:

RSSComments (2)

Leave a Reply | Trackback URL

  1. Nyunt Lwin says:

    Congratulations on your 1st Newsletter. The cover is impressive and the articles are well selected. Although my reading of Burmese is slow I tried my best to read and covered all the articles. It takes UNOB officials lots of time and effort to publish especially the first one.
    Thanks for letting us know about all the interesting activities in the Burmese community.
    Let us all be united ,and understand and help each other

  2. bm says:

    First of all, I’m really proud for our first Newsletter.
    There might be little flaws since it’s our first edition.
    But I’m totally pleased with the outcome and can’t thank enough to those who participated. I would like to express my appreciation to Newsletter committee, especially Ko Htun Linn, Ko Than Naing, Ko Thet Lwin, Ko Sein M Aung, Ko Maung Nge, Ko Yar Zar, Ko Zaw Zaw, writers and most of all, donors of this News Letter, Ko Maung Soe, Ko Zaw Gyi and Ko Than Naing. May our Newsletter go on for the good of our community.
    Brangshawng Maran.

Leave a Reply