Money Saving Tip (1)

အမေရိကားမှာ စီးပွားရေးတွေကျလို့  ကျွန်တော်တို့တွေအားလုံး ၀င်ငွေနည်းလာတော့ ငွေကိုဘယ်လိုချွေတာကြရမလဲ စဉ်းစားလာကြရတယ်။ ကုန်ပေါက်တွေမှန်သမျှ အကုန်ပိတ်၊ အရေးမကြီးရင် ဘာမှမ၀ယ်ပဲ တစ်ကယ်လိုအပ်တဲ့အရာ ဆိုရင်တောင် ဘယ်မှာသက်သာမလဲ သေချာစုံစမ်းပြီးမှ ၀ယ်တော့တယ်။

ဖလော်ရီဒါလိုနေရာမျိုးမှာ ကား မရှိရင် မဖြစ်တဲ့အတွက် ကျွန်တော်တို့တွေ အားလုံး Car Insurance ပါ မဖြစ်မနေတွဲဝယ်ကြရတယ်။ ဒီလိုနဲ့ပဲ ကြာလာတော့ အချိန်တန် Renew လုပ်ဖို့ Statement ရောက်လာရင် Check ရေးပြီးပြန်ပို့လိုက်နဲ့ အစဉ်ပြေနေကြတာပေါ့။ Violation Ticket မရရင် အလိုလို ဈေးကျသွားလိမ့်မယ်လို့ပဲ ပုံမှန်တွေးပြီး ဘယ်မှလဲ ထပ်စုံစမ်းမနေတော့ဘူး။

လွန်ခဲ့တဲ့ (၃)လ လောက်က သူငယ်ချင်းတစ်ယောက်ဆီက သတင်းရပြီး Sate Farm ကနေ Progressive ကိုပြောင်းလိုက်တာ (၆)လကို $300 နီးပါး သက်သာသွားတယ်။ ကျွန်တော် State Farm မှာ Full Cover (၆)လကို $600 နီးပါးပေးနေရာကနေ Progressive မှာ $300 ကျော်ပဲပေးရတော့တယ်။ (၆)လမှာ $300 ဘာမှလုပ်စရာမလိုပဲ ပြန်ထွက်လာတော့ ကိုယ်သုံးချင်တာ တစ်ခုခု စိတ်ဖြောင့်ဖြောင့် သုံးလို့ရတာပေါ့။ တစ်ချို့တွေဆို တစ်လ တစ်လ အများကြီးပေးနေရတာ မြင်တွေ့ရဖူးပါတယ်။

ဈေးသက်သာတယ်လို့ သူငယ်ချင်းကပြောတုန်းက “သူတို့တွေ TV မှာတစ်ချိန်လုံး ကြော်ညာ နေတာ မေးကြည့်လဲ ဒီလောက်ထူးမှာ မဟုတ်ပါဘူး” ဆိုပြီး မေ့ထားလိုက်တယ်။ နောက်တော့သူကိုယ်တိုင် သွားမေးပြီး ၀ယ်ပေးထားလို့ ကျွန်တော်ဝယ်ဖြစ်သွားတာ။ ကျွန်တော်ပြန်စဉ်စားကြည့်တယ်၊ ကျွန်တော်တို့တွေ တစ်ခါတစ်ရံ အရည်မရ အဖတ်မရတွေ ရှာကြံငြင်းခုံ အချိန်ဖြုန်းတတ်ပေမယ့် ကိုယ့်အတွက် အကျိုးရှိမယ့် အရာကို တစ်ကယ်တမ်းကျ ခဏတစ်ဖြုတ် အချိန်ပေးပြီး မစုံစမ်းကြည့်ဖြစ်ဘူး။

အဲဒီကိစ္စ ကျွန်တော့် girlfriend ကိုပြောပြတော့ “ဆီကုန် ဘိန်းပါး ကိုဖိုးပြား” လို့ နာမယ်ပေးခံရတယ်။ ကိုယ့်ကိစ္စဆိုအပျင်းထူ သူများကိစ္စဆို ချက်ချင်းလိုက်လုပ်ပေးလွန်းလို့တဲ့။ သူပြောတာလဲ ဟုတ်နေသလိုပဲ၊ အဲလိုပြောတာ မခံနိုင်လို့ ရန်ဖြစ်ရင်လဲ ရှိစုမဲ့စု ဒီတစ်ယောက်လေး ပြတ်သွားမှာမို့ ဟီးဟီးဟဲဟဲ ငြိမ်နေလိုက်ရပေါင်းလဲများပြီ။

ဒီက ကျွန်တော့် ညီအစ်ကိုများကိုလဲ Car Insurance Renew လုပ်ဖို့ကြုံလာတဲ့အခါ Online မှာပဲဖြစ်ဖြစ် အနီးအနားက Agent မှာပဲဖြစ်ဖြစ် စုံစမ်းကြည့်ပါလို့ တိုက်တွန်းပါတယ်။ တစ်မျိုးလဲ မထင်ပါနဲ၊့ ကျွန်တော် Progressive ကပွဲစားမဟုတ်ပါ ခင်ဗျာ။

Note: စုံးစမ်းတဲ့အခါ လက်ရှိ Company က Statement ကိုယူသွားပါ၊ Coverage များကို သေချာ ယှဉ်ကြည့်ပြီးမှ ဆုံးဖြတ်ပါ။

ကျွန်တော်တို့ Community အတွက် အကျိုးရှိစေမယ့် အကြောင်းအရာလေးများ ရှိခဲ့ရင် ကျွန်တော်တို့ထံ ဆက်သွယ်ပြီး  ပြန်လည်ဝေမျှပေးပါလို့ အကြံပေးလိုပါတယ်။

Contact Email:  info@dbsusa.org  (or)  htunlin@hotmail.com

PS/..  I would like to give this credit to my buddy, Win Htin, where credit is due.

Filed Under: Featured

Tags:

RSSComments (5)

Leave a Reply | Trackback URL

  1. moses says:

    thank’s for the tip.I was loking for cheep insurance.

  2. Thar Aye says:

    Ko than Naing, you don’t have to wait next renewal, you can switch any time, they will re-inverse your over paid, I’ve done two three time after I got ticket he he……….

  3. Web Master says:

    I forgot one thing about buying it by Online,,,It is an offer from Progressive (Special Online Discount which means you can get even better deal) …but if you are not sure enough to buy it online by yourself, just go out and shop around

  4. Than Naing says:

    ကျနော်လဲ State farm နဲ့ (၁၀)နှစ်ရှိပြီဗျ။ ဒီနှစ်ဆိုမကျတဲ့အပြင်နဲနဲတောင်တိုးလာသေးတယ်။
    Statement ရောက်လာရင်တော့တခုခုပြောင်းမှဘဲလို့စဉ်းစားမိပေမဲ့ မလုပ်ဖြစ်ပါဘူး။ ဟိုလုပ်ဒီလုပ်နဲ့ Payment အချိန်ကိုပြန်ရောက်လာတာဘဲ။ ဒီတခါတော့ဖြစ်အောင်အခချိန်ပေးပြီးလုပ်လိုက်အုံးမယ်။ ကျေးဇူးဘဲ။

    စကားမစပ်ဗျာ Wachovia Bank ကလဲ လက်ရှိAccount တွေကို Charge အမျိးမျိုးတွေလုပ်တယ်။ Account အသစ်ဖွင့်ရင်အဲဒီ Charge တွေမယူဘဲ အတိုးပါပေးတယ်။
    လွန်ခဲ့တဲ့(၂)ရက်ကဘဲ Account အဟောင်းတွေပိတ်ပြီး အသစ်တွေဖွင့်ခဲ့ရတယ်။

    ဘာတွေဖြစ်နေလဲတော့မသိဘူး။ အမှုမဲ့အမှတ်မဲ့နေရင်တော့နစ်နာတာတွေရှိတယ်။

  5. latt says:

    very useful question about car insurances in Yahoo! Answers
    http://answers.yahoo.com/question/index?qid=20080226130355AAN2Duc

Leave a Reply