Regular meeting at Dr. Ho’s residence
UNOB EC များ ၂လခြားတစ်ခါ ပုံမှန်အစည်းအဝေးကို ဆရာဟိုး နေအိမ် (ဖေဖေါ်ဝါရီ ၂၇ရက် နေ့) တွင်ပြုလုပ်ခဲ့ပါသည်။ EC အဖွဲ့ဝင်များအားလုံးနှင့်အတူ ကိုဂျိမ်းစ်၊ ကိုနေ၀င်းထွန်းတို့မှလည်း Online Virtual Meeting မှတစ်ဆင့် စုံညီစွာတက်ရောက်ခဲ့ကြပါသည်။ အဖွဲ့၏လုပ်ငန်းစဉ် သုံးသပ်ချက်များ၊ community ၏အကျိုးကို ရှေ့ရှုသောအခွင့်အလမ်းများ၊ ငွေစာရင်းရှင်းတမ်းများ၊ ရံပုံငွေ ရှာကြံရေး စသဖြင့် ကဏ္ဍပေါင်းစုံ ဆွေးနွေးခဲ့ပါသည်။ အဖွဲ့အတွက် ရံပုံငွေပွဲများ ပြုလုပ်ရန် ဆွေးနွေးခဲ့ကြသလို လောလောဆယ်အချိန်တွင် EC များမှ တာဝန်ယူ၍ အဖွဲ့၏လိုအပ်သော ပုံမှန်သုံးငွေများကို ကျခံကြမည်ဟု သဘောတူညီခဲ့ကြပါသည်။ ပြင်ပမှ အလှူရှင်များမှလည်း နည်းများမဆို ကူညီ ပံ့ပိုးကြမည်ဆိုပါက အထူးကျေးဇူးတင် ဂုဏ်ယူစွာဖြင့် လက်ခံမည်ဖြစ်ပါသည်။ အဖွဲ့၏ ပုံမှန်သုံးငွေများတွင် Post Office Box ငှားရမ်းခ၊ Web Server ငှားရမ်းခ နှင့် စာရွက်စာတမ်းများ စသဖြင့် ပါဝင်ပါသည်။
အစည်းအဝေးသို့ လာရောက်တက်ရောက်ခဲ့သည့် အကြံပေးလူကြီးများဖြစ်သော ဒေါက်တာဦးဖေသန်းမောင်၊ ဒေါက်တာဟိုး၊ ဒေါက်တာညွန့်လွင် ၊နှင့်ဒေါက်တာတင်မျိုးသန်းတို့မှလည်း အလွန်တန်ဖိုးရှိသော အကြံပြုချက်များဖြင့် အားပေးအကြံပြုစကားများ ချီးမြင့်ခဲ့ကြပါသည်။
[nggallery id=19]
Related posts:
Category: Picture Gallery, UNOB










