သတင်းစဉ်

DBS မှလက်ခံရရှိသောဖိတ်ကြားစာ

ဂုဏ၀ိသိဌပူဇာ မင်္ဂလာ

ဓမ္မာလောက ဒါယိကာ ဒါယိကာမ ဓမ္မမိတ်ဆွေအပေါင်းအား လေးစားစွာ ဖိတ်ကြားအပ်ပါသည်။

အကြောင်းမှာ – မီရမာမြို့၊ ဓမ္မာလောကကျောင်းတိုက်တွင် သီတဂူဆရာတော်ဘုရား၏ သြ၀ါဒ စီမံချက်အရ

သီတင်းသုံးနေထိုင်တော်မူလျက်ရှိသော ဒေါက်တာအရှင်ပညာဇောတ သည် သီတဂူဆရာတော်ဘုရား၏ ခွင့်ပြုချက်ဖြင့်

Western Illinios University, Illinios သို့ ကြွရောက်ကာ ဆက်လက်ပညာသင်ယူမည် ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ ဆရာတော်အား တပည့်ဒကာ ဒကာမများက စုပေါင်းကာ နုတ်ဆက်ပူဇော် ကန်တော့သော

ဂုဏ၀ိသိဌပူဇာ ဂုဏ်ပြုပူဇော်ပွဲမင်္ဂလာ

ကို စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ပါသောကြောင့် မပျက်မကွက် ကြွရောက်ကြပါရန် လေးစားစွာ

ဖိတ်ကြားအပ်ပါသည်။

အစီအစဉ် –

နေ့ရက် – ၁၂၊ ၂၅၊ ၂၀၀၉ (သောကြာနေ့) (ခရစ်စမတ်နေ့)

အချိန် – နံနက် (၁၁)နာရီ – နေ့ဆွမ်း စုပေါင်းဆက်ကပ်။

နေ့လည် (၂)နာရီ – ပူဇော်ကန်တော့ပွဲ။

နေရာ – ဓမ္မာလောကကျောင်းတိုက်၊ မီရမာမြို့

Dhammaloka Buddhist Society
2500 Acapulco Dr.,
Miramar, Fl 33023

ဖုံး – ၉၅၄-၉၆၂-၃၃၂၅

မှတ်ချက်။

နေ့ဆွမ်းနှင့် ဧည့်ပရိတ်ဿတ်တို့အား မိမိတို့ လှူဒါန်း, ကျွေးမွေးလိုသော အစားအစာများကိုလည်း တပါတည်း ယူဆောင်လာနိုင်ပါသည်။

အမှုဆောင်အဖွဲ့

ဓမ္မာလောကဗုဒ္ဓဘာသာအသင်း

Related posts:

Filed Under: Newsletter

Tags:

RSSComments (0)

Trackback URL

Leave a Reply