Statement

မြန်မာတိုင်းရင်းသားမျိုးနွယ်စုများအသင်း

United Nationals Organization of Burma

ဖလော်ရီဒါပျော်ပွဲရွှင်ပွဲဆိုင်ရာထုတ်ပြန်ကျေညာချက်

September 23, 2009

UNOB အသင်းကြီးမှ အားလုံးကိုနုတ်ခွန်းဆက်လိုက်ပါ သည်။

အားလုံးမင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေ။

UNOB ကိုတယ်လီဖုံးနဲ့ဆက်သွယ်မှုများ၊ Website ပေါ်တွင်ရေးသားကြသော ဆက်သွယ်မှုများအားလုံးကို ကျေးဇူးတင်ပါသည်။ ကျနော်တို့တိုင်းရင်းသား မြန်မာပြည်ဘွားမိသားစုမျိုးနွယ်စုတခု ရှင်သန်နေခြင်း ကို အားလုံးမျက်ဝါးထင်ထင်မြင်တွေ့သိရှိကြရပါသည်။

မကြာခင်ကကျနော်တို့အားလုံး ပါဝင်သောပျော်ပွဲရွှင်ပွဲ Concert တခုကောင်းမွန်အောင်မြင်စွာ ဆင်နွဲနိုင်ခဲ.ပါသည်။

Lazy Club အဖွဲ့သားများအားလုံးကိုကျေးဇူးတင်ပါသည်။

ရပ်ဝေးရပ်နီးမှကြွရောက်အားပေးဆင်နွဲကြသူအားလုံးကိုကျေးဇူးတင်ပါသည်။

ပွဲမစခင် ပွဲအစ ပွဲအလယ် ပွဲအဆုံးထိ ငွေအား လူအား အကြံညာဏ်အားများ စိုက်ထုတ်၍ ပွဲဖြစ်မြောက်ရေး ဆောင်ရွက်ကြသည့် UNOB အဖွဲ့ဝင်ဖြစ်သူမဖြစ်သူအားလုံးကိုကျေးဇူးတင်ပါသည်။

နောက်ဆက်တွဲမေးခွန်းများနဲ့ မရှင်းလင်းမှုများကို UNOB မှရှင်းပြရန်တာဝန်ရှိသည့်အားလျော်စွာ ဤနေရာမှတ ရားဝင် ရှင်းလင်းတင်ပြလိုပါသည်။ Website ပေါ်တွင်ရေးကြသော Comments များအားလုံး UNOB အဖွဲ့ဝင်တစ်ဦး တစ်ယောက်မှပါဝင်ခြင်း မရှိကြောင်းဦးစွာပြောလိုပါသည်။ ယခုအချိန်မှစ၍ Comments များဆက်လက် လက်မ ခံနိုင်တော့ခြင်းကိုလည်း နားလည်လက်ခံပေးစေလိုပါသည်။

ကျင်းပခဲ့ပြီးဖြစ်သော Lazy Club Concert နှင့်ပတ်သက်၍ UNOB သည် Sponsor(ဖိတ်ခေါ်သူ)လည်းမဟုတ်ပါ Contractor(ပွဲသွင်းသူ)လည်းမဟုတ်ပါ။ UNOB ရံပုံငွေပွဲလဲမဟုတ်ပါ။ UNOB သည်ပွဲဖြစ်မြောက်ရေးဆောင် ရွက်ပေးသူဖြစ်ခဲ့ပါသည်။

  • UNOB ဘာလုပ်ပေးခဲ့လဲ?

ပွဲလက်မှတ်ရိုက်ပေးခဲ့ပါသည်။ ပွဲလက်မှတ်  များရောင်းပေးခဲ့ပါသည်။ ပွဲလုပ်ဖို့နေရာရှာပေးခဲ့ပါသည်။ ပွဲရုံကိုတာဝန်ခံငှါးပေးခဲ့ပါတယ်။ ပွဲလာသူအားလုံးအတွက် event insurance ရ ရှိအောင်ရှာဖွေဝယ်ယူပေးခဲ့ပါသည်။

Website မှလဲပွဲကျင်းပမယ့်သတင်းအခြေအနေများ တင်ပြကြော်ငြာပေးခဲ့ပါသည်။

ရပ်ဝေးရပ်နီးမှလာရောက်ကြသူအားလုံးအတွက် အဖွဲ့ဝင်များက အစားအစာများချက်ပြုတ် ပြင်ဆင် ကြွေးမွေး လှူဒါန်းခဲ့ကြပါသည်။ သောက်ရေနှင့်Sodaများကိုလဲ အဖွဲ့ဝင်များကလှူဒါန်းခဲ့ပါသည်။

အစားအသောက်ခန်းမကို UNOB ရံပုံငွေဖြင့်ငှါးရမ်းခဲ့ပါသည်။ (နောက်ပိုင်းတွင်ပွဲလာကြသူများ၏လှူဒါန်းငွေဖြင့် ပေးနိုင်ခဲ့ပါသည်)

ပွဲပြီးချိန်တွင်အမှိုက်သိမ်းခြင်းနှင့် ပွဲလာသူအားလုံးကောင်းမွန်စွာပြန်လည်ထွက်ခွါပြီးကြသည်အထိ နေ ပေးကြပါသည်။

  • UNOB ရံပုံငွေရသလား?

မရရှိပါ။

ပွဲစတင်ပြုလုပ်ရန်ကမ်းလှမ်းချိန်တွင် ပွဲရှင်မှ ၁၀ရာခိုင်နှုံးပေးမည်ဟု ကမ်းလှမ်းသော်လည်း မိမိတို့အသင်းမှ ဈေးနှုံးသတ်မှတ်ခြင်းမျိုးမဟုတ်ပဲ ရံပုံငွေလှူဒါန်းမည်ဆိုပါက လက်ခံမည်ဟု ဖြေကြားခဲ့ပါသည်။

ကျင်းပပြီးခဲ့သော ဖလော်ရီဒါ Lazy Club Concert နှင့်ပါတ်သက်၍ UNOB သည် ပွဲသွင်းသူထံမှ မည်သည့်ရာခိုင်နှုံးမှ မရပါ။ မည်သည့်အလှူငွေမှလဲမရရှိကြောင်းရှင်းပြလိုပါသည်။

ကျနော်တို့သည် UNOB သည် မြန်မာတိုင်းရင်းသားမျိုးနွယ်စုတခုလုံးအတွက်အလုပ်လုပ်ခဲ့ကြခြင်းဖြစ်ပါသည်။ မိဘ ညီအကိုမောင်နှမများကပေးလာသော အားပေးမှု နားလည်မှု စာနာမှု လက်ခံမှု အသိအမှတ်ပြုမှုတို့သည် UNOB အတွက် တန်ဖိုးအရှိဆုံးလက်ဆောင်ဖြစ်ပါသည်။

UNOB က အခမဲ့လက်မှတ်ရခဲ့သလား?

EC နှင့်ဇနီးမိသားစုများအားလုံး၊ အလှူရှင်များနှင့်ဇနီးမိသားစုများအားလုံး လူတိုင်း လက်မှတ်များဝယ်ယူ၍ရုံတွင်းဝင်ခဲ့ကြပါသည်။

  • UNOB ဘာရခဲ့သလဲ?

ဖလော်ရီဒါCommunity အတွက်ကောင်းမွန်အောင်မြင်သော ပျော်ပွဲရွှင်ပွဲတခုဖြစ်အောင်ကူညီပေးနိုင်ခဲ့ပါသည်။

UNOB နဲ့ မြန်မာတိုင်းရင်းသားမျိုးနွယ်စုများCommunity နဲ့ထိတွေ့ခွင့်ရခဲ့ပါသည်။

ကြွရောက်လာကြသူများ၏ စာနာမှု အသိအမှတ်ပြုမှုကိုရရှိခဲ့ပါသည်။

နိဂုံးချုပ်အားဖြင့် ကျနော်တို့ UNOB အဖွဲ့ဝင်အားလုံးက မြန်မာမျိုးနွယ်စုများအားလုံး နှင်. တွေ့ဆုံခွင့်ရ၍ များစွာ ၀မ်းသာပျော်ရွှင်ခဲ့ကြပါသည်။ Community အတွက်လုပ်ပေးနိုင်ခဲ့ခြင်းကိုလဲ ၀မ်းသာဂုဏ်ယူကြပါသည်။ အထူးအားဖြင့် မိတ်ဆွေတို့အားလုံး၏ အသိအမှတ်ပြုမှုလက်ဆောင်ကို ရရှိခဲ့ပါ၍ လှိုက်လှိုက်လှဲလှဲကျေးဇူးတင်ပါသည်။

မိဘ ညီအကိုမောင်နှမများကို ကျင်းပပြီးခဲ့သော ဖလော်ရီဒါ Lazy Club Concert နှင့်ပါတ်သက်၍ UNOB ၏အ ခန်းကဏ္ဍကို ရှင်းလင်းစွာသိရှိနိုင်ရန် လေးစားစွာဖြင့်တင်ပြလိုက်ရခြင်းဖြစ်ပါသည်။ တစ်ဦးချင်း၏ကိုယ်ပိုင်အမြင် များသည် အခြားတဦးကိုမထိခိုက်စေရန် Comments များကိုပိတ်လိုက်ရပါသည်။

ပျော်ရွှင်စွာဆင်နွှဲခဲ့ကြသော Concert ပွဲမှ ပျော်ရွှင်စရာမြန်မာတိုင်းရင်းသားမျိုးနွယ်စု တခုအဖြစ်ရပ်တည်သွား ကြပါစို့။ မိသားစုအားလုံးကျန်းမာချမ်းသာခြင်းနှင့်တကွ ပျော်ရွှင်ချမ်းမြေ့ကြပါစေ။

အားလုံးကိုကျေးဇူးတင် စွာ ဖြင်.

အဖွဲ့ဝင်များအားလုံးကိုယ်စား

အလုပ်အမှုဆောင်အဖွဲ့၊ မြန်မာတိုင်းရင်းသားမျိုးနွယ်စုများအသင်း ( UNOB,USA )

Related posts:

Filed Under: UNOB

Tags:

RSSComments (0)

Trackback URL

Comments are closed.