Statement Of United Nationals Organization of Burma

မြန်မာတိုင်းရင်းသားမျိုးနွယ်စုများအသင်း (အမေရိကန်ပြည်ထောင်စု)
United Nationals Organization of Burma (UNOB)
ဖွဲ့စည်းခြင်းကျေညာချက်
Founding Statement
August 08th , 2009

မြန်မာပြည်ဘွားတိုင်းရင်းသား ညီအကို မောင်နှမများခင်ဗျား –
အားလုံးကျန်းမာချမ်းသာကြပါစေကြောင်း နုတ်ခွန်းဆက်သလိုက်ပါသည်။
အမေရိကန်ရောက် မြန်မာတိုင်းရင်းသားမျိုးနွယ်စုများဖြစ်ကြသောကျွန်ုပ်တို့သည် ကြောင်းကျိုးညီညွတ်စွာဖြင့် ဖလော်ရီဒါပြည်နယ်၊ ဖို့လော် ဒါဒေးမြို့တွင် `မြန်မာတိုင်းရင်းသားမျိုးနွယ်စုများအသင်း (အမေရိကန်ပြည်ထောင်စု)´ ကို ၂၀၀၉ ခုနှစ်၊ မေ (၂၇) ၇က်တွင် အောင်မြင်စွာဖွဲ့ စည်းတည်ထောင်နိုင်ခဲ့ကြပါသည်။
တက်ရောက်သူ(၃၈)ဦးပါဝင်သော စတင်ဖွဲ့စည်းကြသည့်အစည်းအဝေးကြီးမှ ဖွဲ့စည်းပုံအခြေခံဥပဒေ(ယာယီ)၊ အလုပ်အမှုဆောင်အဖွဲ့နှင့် အလုပ်အမှုဆောင်အဖွဲ့၏တာဝန်နှင့်လုပ်ပိုင်ခွင့်များကို ရေးဆွဲ တင်မြောက် ချမှတ်ပေးခဲ့ပါသည်။
စတင်ဖွဲ့စည်းပြီးချိန်မှစ၍ အားလုံး၏ဆန္ဒနှင့်ရည်ရွယ်ချက်များဖြစ်သော (၁)အဖွဲ့ဝင်တိုင်းရင်းသားများအားလုံး၏ ရိုးရာယဉ်ကျေးမှုများကိုထိန်း သိမ်းရန် (၂)အဖွဲ့ဝင်တိုင်းရင်းသားများအကြား ချစ်ကြည်ရင်းနှီးမှုများပိုမိုတိုးတက်စေရန် (၃)အဖွဲ့ဝင်များအားလုံး၏ လူမှုရေးကိစ္စများနှင့်အ ကျိုးစီးပွါးကို ဥပဒေဘောင်အတွင်းမှကူညီကာကွယ်စောင့်ရှောက်ရန် တို့ကိုလုပ်ဆောင်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။
အဖွဲ့ကြီး၏အမည်နှင့်ရည်ရွယ်ချက်၊ ဖွဲ့စည်းပုံနှင့်စည်းမျဉ်းစည်းကမ်းများကို ဖလော်ရီဒါပြည်နယ်အစိုးရထံတွင် တရားဝင်မှတ်ပုံတင်ပြီးလည်း ဖြစ်ပါသည်။ ယနေ့အချိန်ကာလများတွင် မြန်မာပြည်မှလာရောက်အခြေချနေထိုင်သူ ထူးထူးခြားခြားများပြားလာနေပါသည်။
အခြားသောတိုင်းပြည်များမှလာရောက်အခြေချနေထိုင်သူများနည်းတူ ကျွန်ုပ်တို့သည်လည်း ပျော်ရွှင်ချမ်းမြေ့စွာနေထိုင်ရှင်သန်လိုကြပါ သည်။ တဦးချင်း၏အခွင့်အရေးနှင့် ဥပဒေအရကာကွယ်စောင့်ရှောက်မှု၊ လူနည်းစုတခုအဖြစ်သတ်မှတ်ခံရရေးနှင့် ဥပဒေအရ ရသင့်သည့်အ ခွင့်အရေးများ ပြည့်ပြည့်၀၀ ရယူချင်ကြပါသည်။
မိမိတို့၏ပြည်သူပြည်သား၊ တိုင်းရင်းသူတိုင်းရင်းသားနှင့်အမျိုးအနွယ်စုများ၏အရေးကို ပရဟိတအများအကျိုးဆောင်လိုသူများက ဆွေးနွေး တိုင်ပင်ခြင်းဖြင့်၎င်း၊ အစု အဖွဲ့ အသင်းများတည်ထောင်ခြင်းဖြင့်၎င်း လုပ်ဆောင်ခဲ့ လုပ်ဆောင်ဆဲရှိသည်ကို ကျွန်ုပ်တို့လေးစားစွာသိကြပါ သည်။
ထိုထိုအသင်းအဖွဲ့များ၏အကျိုးဆောင်မှုများရှိနေငြားသော်လည်း အထက်တွင်ဖော်ပြခဲ့ပြီးဖြစ်သောရည်ရွယ်ချက်များရရှိရေးမှာ လိုအပ်သည် များရှိနေသေးခြင်းသည်ကျွန်ုတို့၏ `မြန်မာတိုင်းရင်းသားမျိုးနွယ်စုများအသင်း (အမေရိကန်ပြည်ထောင်စု)´UNOB ကိုတည်ထောင်ခဲ့ရသည့် အကြောင်းရင်းပင်ဖြစ်ပါသည်။
မြန်မာပြည်ဘွားများသည် တဦးကိုတဦးရိုင်းပင်းကူညီခြင်းကို၎င်း၊ အစုအဖွဲ့ဖြင့်အများအကျိုးဆောင်ရွက်ခြင်းကို၎င်း စိတ်ဆန္ဒထက်သန်ကြ သည်ကို ကျွန်ုပ်တို့မှအပြည့်အ၀ယုံကြည်ကြပါသည်။ ထိုသို့ယုံကြည်ခြင်းဖြင့်ပင် အများအကျိုးဆောင်အဖွဲ့များနှင့်ဆက်သွယ်ခြင်းကို၎င်း၊ တဦးချင်း၏အသင်းဝင်ဖြစ်လာရေးစည်းရုံးခြင်းကို၎င်း အဖွဲ့ကြီးပိုမိုအားကောင်းစွာလုပ်ဆောင်သွားနိုင်ရေးအတွက် ကြိုးပမ်းသွားမည်လည်း ဖြစ်ပါသည်။
အားလုံးအကျိုးရရှိစေမည့် လူမှုရေးလုပ်ငန်းဖြစ်ခြင်း၊ လူဦးရေအရရောအချိန်ကာလအရပါလိုအပ်နေသောအသင်းကြီးဖြစ်ခြင်း၊ လက်တွေ့ ဆောင်ရွက်နေသူများ၏သန္နိဌာန်ခိုင်မာခြင်းတို့ဖြင့် အသင်းကြီး၏လူမှုကူညီရေးရည်ရွယ်ချက်လုပ်ငန်းစဉ်များ အောင်မြင်အောင်ဆောင်ရွက် သွားနိုင်မည်ဟု အခိုင်အမာယုံကြည်ပါကြောင်း မြန်မာပြည်ဘွားအားလုံးတို့ကိုလေးစားစွာအသိပေးကျေညာအပ်ပါသည်။
UNOBအဖွဲ့ကြီးကိုအားပေးကြပါ။ ၀င်ရောက်ကြပါ။ ပါဝင်ဦးဆောင်မှုပေးကြပါရန်လည်း စိတ်ရင်းစေတနာမှန်ကန်စွာဖြင့် ထပ်လောင်းပန်ကြား
အပ်ပါကြောင်း။

အလုပ်အမှုဆောင်အဖွဲ့
မြန်မာတိုင်းရင်းသားမျိုးနွယ်စုများအသင်း (အမေရိကန်ပြည်ထောင်စု)
United Nationals Organization of Burma (USA)

Filed Under: Newsletter

Tags:

RSSComments (0)

Trackback URL

Leave a Reply