Android စက်များ အသုံးပြုနည်း (မြန်မာလို)

Android စက်များ အသုံးချပုံကို ဗမာလို ရေးသားထားခြင်း ဖြစ်ပါတယ်။  (Download PDF File)
PDF file လည်း ဒီနေရာမှာ ဖတ်လို့ ရပါတယ်။ Download လုပ်လိုလျှင် အောက်နားမှာ ရှာကြည့်ပါ။ အကယ်၍ Loading လုပ်တာကြာနေရင် Refresh ကို နှိပ်ပါ။
 

DV Form အတွက်ဓါတ်ပုံ တည်းဖြတ်နည်း

အမေရိကန်ပြည်ထောင်စုမှာ လာရောက်အခြေချဖို့ နှစ်တိုင်း မဲဖေါက်ပေးတဲ့ DV lottery အစီအစဉ်ကို လူတိုင်းသိကြပါတယ်။ ဒါပေမယ့် 600px-600px လို့ သူတို့တောင်းထားတဲ့ ဓါတ်ပုံအတွက် ကိုယ်တိုင်မလုပ်တတ်တော့ အဆင်မပြေဖြစ်ကြတာတွေ အများကြီး တွေ့ရပါတယ်။ အကူအညီပေးနိုင်တဲ့သူ အလွယ်တကူရှိရင် ပြသနာ မရှိပေမယ့် အဲဒီအခက်အခဲကြောင့် မတင်ဖြစ်လိုက်ပဲ မေ့သွားတာမျိုးတွေ ရှိတတ်ပါတယ်။
အဲဒီအတွက် အခြေခံ ကွန်ပြူတာသုံးတတ်ရင်ကို လိုက်လုပ်နိုင်မယ့် နည်းမျိုး ဒီ Video မှာ ရှင်းပြထားပါတယ်။ သဘောမပေါက်တာရှိရင်လည်း မေးမြန်းနိုင်ပါတယ်။
Form ဖြည့်ဖို့ အတွက် ဒီ Web site ကလွဲပြီး ဘယ်မှ မသွားမိပါစေနဲ့။ ဒီအစီအစဉ်က FREE ပါ။ ငွေပေးစရာ မလိုပါဘူး။
www.dvlottery.state.gov
…………………………………………..

Money Saving Tip (2)

အခုနောက်ပိုင်း B.Y.O.D (BringYourOwnDevice) လို့ခေါ်တဲ့ကြငြာတွေ Cell phone ရောင်းတဲ့ ကုမ္ပဏီတွေမှာ အများအပြား တွေ့လာရပါတယ်။ ကိုယ့်မှာရှိတဲ့ Unlocked ဖုန်းကို ယူသွားပြီး သူတို့ဆီက Plan နဲ့တွဲသုံးတဲ့အခါ Unlimited Talk, Text and Data ကို ဒေါ်လာ ၅၀ ပတ်ဝန်းကျင်လောက်နဲ့ ရနိုင်ပါတယ်။ သူတို့ဆိုင်တွေမှာ ရှိတဲ့ ဖုန်းတွေ ၀ယ်လဲရပါတယ်။ ပုံမှန် Contract တွေနဲ့ ရောင်းတဲ့ AT&T တို့ Verizon တို့ဆီမှာဆိုရင် Unlimited Plan အတွက် လစဉ် $100 ပတ်ဝန်းကျင်လောက် ပေးရပါတယ်။ သက်သာချင်ရင် လစဉ် မိနစ် နည်းသွားပါလိမ့်မယ်။ ပြီးရင် မိနစ် ပိုသုံးမိလို့၊ Data ပိုသုံးမိလို့ MMS ပိုသွားလို့ ဆိုပြီး […]

Sony Media Player review

ပြည်ပရောက် မြန်မာမိသားစုတွေ မြန်မာဗွီဒီယိုတွေ ကြည့်ကြတာ သွားလေရာ သတိထားမိပါတယ်။ ကွန်ပျူတာနဲ့ချိပ်၊ ကြိုးတွေ ရှုပ်ရှပ်ခတ်၊ ကြည့်နေရင်း ဟိုကမလာ။ ဒီကပျက်၊ PC Virus ထိတဲ့အခါ ပြသနာတွေတက် စုံနေတာပါပဲ။
အခုတလော E-Store တွေမှာ ပေါပေါလောလောတွေ့နေတဲ့ Smart TV တွေနဲ့ဆို ပိုအဆင်ပြေကြမယ် ထင်ပါတယ်။ ဒါပေမယ့် WiFi မပါတဲ့ TV တွေရှိနေကြတဲ့ ဥပမာ- ကျွန်တော့်လိုလူအတွက် TV အသစ်တစ်လုံးဝယ်စရာ မလိုပါဘူး။ Apple TV, Roku, Google TV စတဲ့ Internet Media Player လေးတွေ ၀ယ်သုံးလိုက်ရင် အဆင်ပြေပါတယ်။ သူ့ဟာနဲ့သူ အားလုံးကောင်းကြပါတယ်။ အဲဒီထဲကမှ Google TV က internet web page တွေ ကြည့်နိုင်ပြီး မြန်မာ web site တွေ […]

Money Transfer

မြန်မာပြည်ကို နိုင်ငံခြားမှ ငွေပို့မှုအတွက် Western Union က တရားဝင် ဖွင့်လှစ်ထားကြောင်း ကြားရပါတယ်။ မြန်မာပြည်ဖက်မှာ ထုတ်ပေးတဲ့ ငွေဈေးကလည်း သင့်တင့်ပါတယ်။
ဝန်ဆောင်ခ နှုံးထားတွေကတော့ US$500 အတွက် $10.99 ဖြစ်ပြီး $1000 အတွက် $16.99 ဖြစ်တာကို  Western Union ရဲ့ web site မှာ တွေ့ရပါတယ်။
Western Union ရှိတဲ့ နေရာတွေကနေ အလွယ်တကူ လွှဲနိုင်ပြီ ဖြစ်ကြောင်း သတင်းပါးအပ်ပါတယ်။

အထက်က ပုံမှာ တွေ့ရတဲ့အတိုင်း ငွေလွှဲတဲ့ ပမာဏပေါ်မူတည်ပြီး ၀န်ဆောင်ခ ပြောင်းလဲမှုရှိပါတယ်။ လွှဲဖူးတဲ့သူတစ်ချို့ကတော့  အဆင်ပြေကြောင်း ပြောကြပါတယ်။ အမေရိကားမှာ ရှိတဲ့သူတွေဖြစ်ပါတယ်။ အခြားနိုင်ငံများမှလည်း အဆင်ပြေမယ် မျှော်လင့်ပါတယ်။
Link:  http://www.westernunion.com

Fundraising Event in Florida 2012

နိုဝင်ဘာ ၈ ရက်နေ့ညက ပြည်သူ့ဂုဏ်ရည် Florida မှ ကြီးမှုးကျင်းပတဲ့ ရံပုံငွေ ရှာဖွေရေး အစီအစဉ် တစ်ရပ်ကို Boca Raton မှာ ပြုလုပ်ခဲ့ပါတယ်။ ကချင်ပြည်နယ် နှင့် ရခိုင်ပြည်နယ်များမှာ ပြည်တွင်း ပြသနာမျိုးစုံ တို့ကြောင့် ဒုက္ခရောက်နေကြရှာတဲ့ တိုင်းရင်းသားများ အားလုံးကို တစ်ဖက်တစ်လမ်းမှ အကူအညီပေးနိုင်ရေး အတွက် ယခုလို ကျင်းပရခြင်းဖြစ်ကြောင်း သိရှိရပါတယ်။ ပွဲတွင် မြန်မာပြည်မှ လူမှုရေး အကျိုးဆောင်များ ဖြစ်ကြသော စာရေးဆရာမကြီး ဒေါ်သန်းမြင့်အောင်၊ ဂီတပညာရှင် ဦးရဲလွင် (မဇ္စျိမလှိုင်း)၊ ဂီတပညာရှင် ဆောင်းဦးလှိုင် တို့မှ မြန်မာပြည်အတွင်း ဖြစ်ပျက်နေသော လတ်တလော အခြေအနေများ၊ အဖက်ဖက်မှ လိုအပ်နေသော နိုင်ငံ့ အခြေအနေများကို အကျယ်တ၀င့် ဆွေးနွေးသွားခဲ့ပါတယ်။  ပွဲတွင် ဒေသခံများမှ မြန်မာ အစားအစာ မျိုးစုံတို့ကို ရံပုံငွေ အဖြစ်ရောင်းချကြပြီး ဂီတ […]

  • Articles

  • Pirates of Silicon Valley

    Pirates of Silicon Valley

    Paul Freiberger and Michael Swaine တို့ ရေးသားထားတဲ့ စာအုပ်ကို အခြေခံပြီး Apple Computer နဲ့ Microsoft သမိုင်းကြောင်းကို စိတ်ဝင်စားဖွယ်ဖြစ်အောင်ရုပ်ရှင် [...]
  • D5 Conference (Steve Jobs & Gates)

    D5 Conference (Steve Jobs & Gates)

    Microsoft Chairman Bill Gates ,  Apple CEO Steve Jobs တို့နှင့် Interview အစီအစဉ်ကို wall Street Journal [...]
  • More from Articles
  • Other Recent Articles

  • Obituary (နာရေးသတင်း - ဆရာကြီးဦးညိုမောင်)

    Obituary (နာရေးသတင်း – ဆရာကြီးဦးညိုမောင်)

    U Nyo Maung – ဦးညိုမောင် (အသက်-၇၈နှစ်)
    ဖလော်ရီဒါပြည်နယ်၊ Palm City နေ မဝေေ၀မြင့်၏ မွေးသဖခင် ဆရာကြီး ဦးညိုမောင် သည် ၂၀၁၃ခု နိုဝင်ဘာ ၉ရက် နံနက် ၅နာရီခန့် (New York Time)  Palm Beach Gardens Medical Center, Florida တွင် ကွယ်လွန်အနိစ္စ ရောက်သွားပါသောကြောင့် ရပ်ဝေးမှ သားသမီး၊ ဆွေမျိုး၊ တပည့် သားမြေးများအား သိရှိကြစေရန် ၀မ်းနည်းစွာ အကြောင်းကြားအပ်ပါသည်။
    ဆရာကြီး၏ အထုပ္ပတ္တိ အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

    ဆရာကြီး၏ သြ၀ါဒစကား –

  • Ship to Myanmar (စာရွက်စာတမ်းနှင့် ကုန်ပစ္စည်းများ ပို့ဆောင်ရေး)

    Ship to Myanmar (စာရွက်စာတမ်းနှင့် ကုန်ပစ္စည်းများ ပို့ဆောင်ရေး)

    MyAddressUS can assist you in sending documents and small packages door to door to major cities in Myanmar within 5 business days.
    We have partnered with U.N.O.B. to provide their members a free membership ($120.00 annual value) and 10% off their first shipment.

    Getting started is simple and directed by you;
    Register for a Membership

     Access MyAddressUS.com (http://www.myaddressus.com/membership.php) and […]

  • All Recent Articles